အစားအသောက်များကြာရှည်ခံဖို့ ဓာတုပစ္စည်းများထည့်သွင်းအသုံးပြုခြင်း 

အစားအသောက်များကြာရှည်ခံဖို့ ဓာတုပစ္စည်းများထည့်သွင်းအသုံးပြုခြင်း 

အစားအသောက်များကြာရှည်ခံဖို့   ရှေးအခါကတည်းက လူတို့အသုံးပြုလာကြတယ်။ ငါးခြောက်၊ ပုစွန်ခြောက်တို့ဟာ သိသာမြင်သာရှိလှသလို၊ ငါးပိလုပ်ငန်း၊  ခေါက်ဆွဲခြောက်ထုပ်၊  ငါးသေတ္တာဘူး၊ အရောင်အမျိုးမျိုးရှိတဲ့ဖျော်ရည်များ၊ ဝက်အူချောင်းများ၊ ကော်ဖီမစ်များ၊ တီးမစ်များ၊ အရက်အမျိုးမျိုးတို့ဟာ မြို့ရွာအနှံ့အပြားနေရာယူလာကြပြီး အစားအစာကို သဘာဝအတိုင်းအရောင်၊ အနံ့၊ အရသာမပျောက်ဖို့၊ ကြာရှည်ခံဖို့၊ယ်လင့်တကူစားသောက်နိုင်ဖို့ ၊ စားစရာတွေမှာ  ဓာတုပစ္စည်းထည့်သွင်းလာသလို ဈေးကြီးပေးဝယ်စားရသလောက် ကျန်းမာရေးထိခိုက်တာမျိုးတွေ့ရပါတယ်။ အချို့အစားအသောက်တွေက  အခြောက်ခံထားပြီး ရေပွက်ပွက်ဆူရင်စား
လို့ရတယ်။

၁၈၀၀ ပြည့်နှစ်ခန့်က နပိုလီယန်ဟာ  ကိုယ့်စစ်သည်တွေ    ကြာရှည်အထားခံမယ့် အစားအစာထုတ်လုပ်နိုင်သူ ဆုချီးမြှင့်မယ်ကြေညာချက်ထုတ်ပြန်ခဲ့ရာ ကယ်ပက် (Mr .Appert))ဆိုသူက ၁၈၁၁ မှ  ပုလင်းတစ်လုံးထဲထည့်သွင်းကာ   အဖုံးလုံအောင်ပိတ်လို့   ရေဆူဆူထဲမှာနာရီဝက်ခန့်ပြုတ်ထားပြီး ကြာရှည်ခံတဲ့နည်းလုပ်ပြနိုင်လို့ ဆုချီးမြှင့်ခံခဲ့ရပါတယ်။ အစားအစာတွေအပူပေးခြင်း၊ ပေါင်းခံခြင်း၊ အအေးခံခြင်း၊ အခြောက်လှန်းခြင်း စတဲ့မိရိုးဖလာနည်းသုံးစွဲလာခဲ့ကြပါတယ်။

၁၈၀၀ ပြည့်နှစ်က ကမ္ဘာ့မြေတစ်ခြမ်းနေသူတွေဟာ ရေခဲတုံးကိုဖြတ်တောက်ကာ နွေရာသီမှာ အစားအစာ၊ ဘီယာများ ကြာရှည်ခံအောင် အဆောက်အအုံထဲ သိုလှောင်ခဲ့ကြဖူးတယ်။ စားစရာတွေအအေးခံထားရင် ကြာရှည်ခံတတ်လို့ ရေခဲသေတ္တာတီထွင်လာခဲ့ကြတယ်။   ရေခဲသေတ္တာထဲက အစားအစာဟာ အဏုဇီဝပိုး သုတ်သင်နိုင်ခြင်းမရှိပါဘူး။ ပိုးပေါက်ပွားမှုကို ရပ်တန့်ထားပေးနိုင်တယ်။ အေးခဲသား၊အကင်၊ အချောင်းများ ရေခဲအောက်အပူချိန်မှာထားရှိသုံးစွဲလာတယ်။

အစားအစာအခြောက်ခံခြင်းဟာ  ရှေးအကျဆုံးမိရိုးဖလာနည်းဖြစ်တယ်။ ငါးခြောက်၊ ပုစွန်ခြောက်၊အသားခြောက်တို့ဖြစ်တယ်။ အစားအစာအခြောက်ခံရာမှာ ရေတွေအငွေ့ပြန်ကုန်လို့    အဏုဇီဝပိုးတို့ ပေါက်ပွားဖို့အခွင့်မသာပေမယ့် ဆားပါဝင်မှုများတဲ့ အစားအသောက်စားခြင်းဟာ ကျန်းမာရေးကို ရေရှည်ထိခိုက်လာနိုင်ပါတယ်။  သွေးတိုးနဲ့ နှလုံးသွေးကြောရောဂါတွေလည်းဖြစ်နိုင်ပါတယ်။ဆာလ်ဖိုက်နှင့် ဗီတာမင်စီ^သစ်သီးများ၊ ဟင်းသီးဟင်းရွက်များဟာ   ခူးဆွတ်ပြီးကြာရင်တဖြည်းဖြည်း အညိုရောင်ပြောင်းတယ်။    လူတို့ရဲ့ယူဆချက်က အညိုရောင်ပြောင်းခြင်းဟာ အသီးအနှံတွေပုပ်သိုးလာခြင်းဖြစ်ကာ အရည်အသွေးညံ့ဖျင်းတယ်လို့ထင်ထား
ကြတယ်။ မူလသဘာ၀ ဟင်းသီးဟင်းရွက်နဲ့သစ်သီးရှိ အင်ဇိုင်းတစ်မျိုးဟာ   အောက်ဆီဂျင်နဲ့ လျင်မြန်စွာ ဓာတ်ပြုကာ အညိုရောင်ဓာတုပစ္စည်းတစ်မျိုးထွက်ရှိလာပါတယ်။ အညိုရောင်ဓာတုပစ္စည်းဟာ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို    အဏုဇီဝပိုးဘေးရန်မှ ကာကွယ်ပေးတယ်။    သစ်သီးတွေ အညိုရောင် သို့မဟုတ် အရောင်မပြောင်းလဲအောင်လတ်ဆတ်တဲ့ပုံစံဖြစ်စေဖို့  ဆာလ်ဖိုက်ကို စားစရာတွေမှာသုံးစွဲခြင်းဟာ အဏုဇီဝပိုးပေါက်ပွားလာဖို့အားပေးသလိုဖြစ်နေတယ်။ ဆာလ်ဖိုက်နဲ့ ဗီတာမင်စီဟာ ဈေးပေါလို့သုံးစွဲမှုများတယ်။   ဈေးကွက်ထဲမှာ အသီးအရွက်တွေ လတ်ဆတ်ပုံရှိပေမယ့် ဆာလ်ဖိုက်တွေပါဝင်နေလို့စားပြီး ယားယံခြင်း၊ ဆေးမတည့်ခြင်း၊ (ဆာလ်ဖာဆေးမတည့်သူများ)ခံစားရတတ်ပါတယ်။

အော်ဂဲနစ်အက်စစ်များရှာလကာရည်လိုပစ္စည်းတွေက အစားအစာပြုပြင်ရာမှာ ထည့်သွင်းအသုံးပြုကြရာမှာ    အလွန်အမင်းသုံးစွဲမှုကြောင့် အဏုဇီဝပိုးပွားလာနိုင်တဲ့အခြေအနေရောက်လာစေတယ်။

ပဋိဇီဝဆေး (Antibiotics)  

တန်ဖိုးမမြင့်မားတဲ့ ပဋိဇီဝဆေးတွေကို အစားအစာတွေမှာ အဏုဇီဝပိုးမပေါက်ပွားဖို့ ကာကွယ်တဲ့အနေနဲ့၊ စားစရာတွေမှာ ထည့်သွင်းသုံးစွဲလာတယ်။ ပဋိဇီဝဆေးပါဝင်တဲ့အစားအစာတွေစားမိလို့    ပဋိဇီဝဆေးယဉ်ပါး၊ အဏုဇီဝပိုးတွေပိုပြီး  နေရာယူလာကြလို့  ဘေးထွက်ဆိုးကျိုးသက်ရောက်မှုခံစားကြရပါတယ်။

အစားအစာများဓာတ်ရောင်ခြည်ပေးကာပိုးသတ်ခြင်း

Irradiation ဓာတ်ရောင်ခြည်ပေးကာ ပိုးသတ်ခြင်းဟာ အစားအစာတို့ရဲ့ သဘာဝအာဟာရတန်ဖိုး လျော့ကျသွားစေကာ ဓာတ်ရောင်ခြည်မှထွက်လာတဲ့ ဘေးထွက်ပစ္စည်း (by products) တို့ဟာ ကျန်းမာရေးထိခိုက်စေတဲ့အပြင် အစားအစာကို အလွန်မြင့်မားတဲ့ဓာတ်ရောင်ခြည်ပေးပိုးသတ်ရာမှာ ယင်းအစားအစာမှာ ပါဝင်နေတဲ့ ဗက်တီးရီးယားရဲ့မျိုးရိုးဗီဇ (DNA) ကို ပျက်စီးစေနိုင်ပါတယ်။ အိန္ဒိယမှာ ဓာတ်ရောင်ခြည်ပေးကာ ပိုးသတ်ထားတဲ့ အမဲသားကို ခွေးကိုကျွေးကြည့်ရာ သရက်ရွက် (Pancreas) ကြီးလာကြောင်းစမ်းသပ်တွေ့ရှိထားတယ်။ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း ဖြစ်တဲ့ ဥ၊ နို့၊ အသားနဲ့ နို့ထွက်ပစ္စည်းတို့မှာ ရောဂါဖြစ်စေတဲ့ အဏုဇီဝပိုးပေါက်ပွားနေခြင်းကို ဓာတ်ရောင်ခြည်ပေး ပိုးသတ်ခြင်းနည်းနဲ့   အီကိုလိုင်း (E.Coli)၊ ဆဲလ်မိုနဲလား (Salmonella)၊ ကမ်ပိုင်လိုဘက်ကာ(Campylobaictor) နဲ့ လစ်စတီးရီးယား( Listerin) ပိုးတို့ (၉၉ ဒသမ ၉%)ဖျက်ဆီးပစ်နိုင်တယ် ဆိုကြတယ်။ ဓာတ်ရောင်ခြည်ပေးကာ ပိုးသတ်ခြင်းဟာ ကုန်ကျစရိတ်ကြီးလှလို့ ဖွံ့ဖြိုးပြီးအချို့နိုင်ငံတွေမှာသာ သုံးစွဲတာတွေ့ရပါတယ်။

အစားအစာ (အသား) မှာ အဏုဇီဝပိုးပေါက်ပွားမှုမှ ကာကွယ်ဖို့ စားစရာတွေအနုမြူရောင်ခြည်ပေးကာ ပြင်ဆင်ထုပ်ပိုးပြီးမှ စားသုံးသူထံ ဖြန့်ဝေတဲ့စနစ်ကို အချို့နိုင်ငံတွေမှာ   ကျယ်ပြန့်စွာသုံးစွဲနေကြပြီဖြစ်တယ်။ ကုန်တိုက်ကြီးတွေမှာ  အသင့်ပြင်စားစရာ အားလုံးနီးပါးဟာ  ဓာတ်ရောင်ခြည်ပေးကာပိုးသတ်ထားပြီးဖြစ်တယ်။ အစားအစာပေါ်ဓာတ်ရောင်ခြည်၊ ပိုးသတ်ခြင်းနဲ့ အဏုဇီဝပိုးတို့ရဲ့ အဆိပ်တွေ၊ ဗိုင်းရပ်တွေမဖျက်ဆီးပစ်နိုင်ပါဘူး။ ဓာတ်ရောင်ခြည်ပေးကာပိုးသတ်ခြင်းက အစားအစာတွေ ဘေးကင်းပါတယ်လို့ဘယ်လိုမှ     အာမခံချက်မပေးနိုင်ကြပါဘူး။ 

အမေရိကန်မှာ ကြက်သား၊ ဝက်သား ၊ အမဲသား၊ ဆိတ်သား၊ သိုးသား စတဲ့ အစားအစာ ၁၀ မျိုးကျော်ကို ဓာတ်ရောင်ခြည်ပေးကာ ပိုးသတ်နိုင်တယ်လို့ အတည်ပြုထားတယ်။ ၂၀၀၀ ပြည့်နှစ် မေလမှစကာ အမေရိကန်မှာ အစားအစာကို ဓာတ်ရောင်ခြည်ပေးပိုးသတ်နည်းကို ကျင့်သုံးလာခဲ့ကြတယ်။အေးခဲအစာ၊ အေးခဲအသားတွေဟာ မကြာမကြာ အမြဲတမ်းစစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ရေပူ(သိန်းနီ)နဲ့ မရမ်းချောင်း (ကျိုက်ထို) တို့မှာ ဖမ်းဆီးမိကာ ဖျက်ဆီးပစ်လေ့ရှိတယ်။ အေးခဲသားတွေဟာ ဘာအသားမှန်းမသိတဲ့အပြင် ဒိုင်အောက်စင် (Dioxin) ဖြစ်သွားလို့လူသားတို့ ပြုပြင်စားသုံးရင်ပဲ အဆိပ်ဖြစ်နေပြီဖြစ်တယ်။ 

ဒိုင်အောက်စင် (Dioxin) ဟာ ကြောက်စရာကောင်းတဲ့ဓာတုပစ္စည်းတစ်မျိုးဖြစ်ကာ အဆီ၊ မလိုင်ကြွယ်ဝတဲ့ နို့နှင့် နို့ထွက်ပစ္စည်းမှာ ပါဝင်လေ့ရှိတယ်။ လူတို့ခန္ဓာ ကိုယ်ထဲရောက်ရှိရင်  အဆီထဲပျော်ဝင်နေတတ်ကာ ခုနစ်နှစ်ခန့်နေတတ်တယ်။ ၁၉၉၉ ခုနှစ်က ဘယ်ဂျီယံနိုင်ငံမှာ  ပြဿနာဖြစ်ခဲ့တယ်။ ဒိုင်အောက်စင်ကို တိရစ္ဆာန်ချကျွေးကြည့်ပြီး ယင်းအသားစားတဲ့လူမှာဒိုင်အောက်စင် ပျံ့နှံ့နေတယ်။လူသားတို့ပတ်ဝန်းကျင် လေ၊ ရေ၊ မြေနဲ့ အစားအစာမှာ  ဒိုင်အောက်စင်ပျံ့နှံ့နေတတ်တယ်။ နို့နဲ့ နို့ထွက်ပစ္စည်း  အသား၊ ငါးနဲ့ အကြေးခွံ ရှိတဲ့ငါးတွေ ရေခဲစိမ်ထားရင်   ဒိုင်အောက်စင်ပါဝင်နေတယ်။ ဒိုင်အောက်စင်(Dioxin)ဟာ မီးတောင်တွေပေါက်ကွဲခြင်း၊ တောမီးလောင်ခြင်း၊ ပတ်ဝန်းကျင်၊ ရေ၊ လေ၊ မြေကို ပျံ့နှံ့နေတယ်။ စက်ရုံထွက်စွန့်ပစ်ပစ္စည်းမှာ ပါဝင်တယ်။ လူနဲ့တိရစ္ဆာန်တို့ရဲ့အစာတွေမှာ ပျံ့နှံ့ရောက်ရှိကာ လူနဲ့တိရစ္ဆာန်အစာတို့ထဲပျံ့နှံ့နေရင် ဖျက်ဆီးဖို့ မလွယ်ပါဘူး။အေးခဲသားက ပြည်ပလေအောက်ဆီဂျင်နဲ့ပေါင်းကာ ဒိုင်အောက်စင်ဖြစ်နိုင်တယ်။ ဒိုင်အောက်စင်ဖျက်ဆီး ဖို့အလွန်မြင့်မားတဲ့ အပူချိန် ၈၅၀ ဒီဂရီဆဲလ်စီးယပ်နဲ့ အထက် အပူပေးမှ ဖျက်ဆီးနိုင်လို့စွန့်ပစ်ကြဖို့လို ပါတယ်။ ဒိုင်အောက်စင်ပါတဲ့ အစားအစာစားမိလို့ကျန်းမာရေးထိခိုက်မှုဟာ  စားမိတဲ့  ဒိုင်အောက်စင်ပမာဏ နေ့စဉ် သို့မဟုတ် တစ်ခါတစ်ရံစားမိခြင်း၊ ခန္ဓာကိုယ်တွင်းစုဆောင်းနေတဲ့ ဒိုင်အောက်စင်ပမာဏ ပေါ် မူတည်တယ်။    လူမှာ ဒိုင်အောက်စင်ပျံ့နှံ့ထိတွေ့မှုဖြစ်ရခြင်း   ၉၀ ရာခိုင်နှုန်းဟာ   အစားအသောက်ကြောင့်ဖြစ်ရလို့    အစားအသောက်တာရှည်ခံနည်းတွေမှာ ဒိုင်အောက်စင်တွေမပါရှိရအောင် စစ်ဆေးသွားဖို့ စနစ်တကျ သိုမှီးထားဖို့လိုအပ်ပါတယ်။      ။