အဆုံးသတ်ချိန်မရောက်မီအထိ အလျှော့မပေးဘဲ ချန်ပီယံဆုရရေးကြိုးစားမည်ဟု ဆိုးလ်ရှားကြုံးဝါး

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းသည် ဖေဖော်ဝါရီ ၂၁ ရက် ညက နယူးကာဆယ်ကို ရက်ရှ်ဖို့ဒ်၊ ဒန်နီရယ် ဂျိမ်းစ်နှင့်  ဖာနန်ဒက်စ် တို့တစ်ဂိုးစီသွင်းပြီး ၃ ဂိုး-၁ ဂိုးဖြင့်အနိုင်ရခဲ့ပြီးနောက် ဇယားထိပ်ဆုံးမှ မန်စီးတီးနှင့် ၁၀ မှတ်ကွာနေသေး သော်လည်း ချန်ပီယံဆုအတွက်  နောက်ဆုံး အဆုံးသတ်ချိန်မရောက်မီအထိ ဆက်လက် ကြိုးစားသွားမည်ဟု   နည်းပြဆိုးလ်ရှားက ပြောသည်။

မန်ယူအသင်းသည်  ကြားရက်က ယူရိုပါလိဂ်ပွဲတွင်  ဆိုစီဒက်ကို  လေးဂိုးပြတ်အနိုင် မရမီ  ပရီးမီးယားလိဂ် ငါးပွဲတွင် တစ်ပွဲသာ အနိုင်ရခဲ့ရာ ယခုနိုင်ပွဲကြောင့် နည်းပြဆိုးလ်ရှားက အသင်းပုံစံကောင်းဖြင့် ပြန်လာ နိုင်ပြီဟု ကြုံးဝါးခဲ့သည်။

ဆိုးလ်ရှားက “ကျွန်တော်က အဆုံးသတ်ချိန် မရောက်မီအထိ ဘယ်တော့မှ လက်မလျှော့တဲ့သူပါ။ ဒီလိုအခြေ အနေကနေ ခြေချော်တဲ့ အသင်းများစွာရှိခဲ့တဲ့ အတွေ့အကြုံတွေလည်း ရှိထားပါတယ်။ ဒါကြောင့် ကိုယ်လုပ်ရ မယ့်အလုပ်ကို အကောင်းဆုံးဆက်လုပ်သွားဖို့ပဲလိုတယ်။ ကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကလည်း  ကိုယ့်အသင်း  စွမ်းဆောင်ရည်  ကောင်းနေစေဖို့ပဲ”ဟု ပြောသည်။

 Ref:BT