နေပြည်တော် မေ ၃ဝ
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အားကစားအသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်ဖြစ်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စခန်းရုံး(ခ)အသင်းနှင့် အမ်းတပ်နယ်(ခ)အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇွန် ၁ဝ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။