မဲဘုန်း၊ ပြည်တွင်းရေး
သြစတြေးလျနိုင်ငံရှိ အနောက်သြစတြေးလျပြည်နယ်၌ ဖြစ်ပွားနေသော တောမီးလောင်သည့်နေရာ ခြောက်ခုကို မီးသတ်သမားများက ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၇ ရက်တွင် ပြောသည်။
ပါ့မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုသည် သီတင်းပတ်တစ်ပတ်ကြာဖြစ်ပွားနေသော ထိုတောမီးလောင်မှုကို ထိန်းချုပ်ရေးကြိုးပမ်းနေသည့် မီးသတ်သမားများအတွက် အကူအညီဖြစ်စေပြီး အဆိုပါတောမီးကြောင့် နေအိမ် ၈၆ လုံးပျက်စီးသည်။
ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတွင် တစ်ပြိုင်နက်ဖြစ်ပွားသော ရှို့မီးဟုယူဆရသည့် ထိုတောမီးလောင်မှု အားလုံးကို စုံစမ်းစစ်ဆေးနေကြောင်း ပြည်နယ်မီးသတ်နှင့် အရေးပေါ်ဌာနက ထုတ်ပြန်ထားသည်။ အဆိုပါမိုးရွာသွန်းမှုသည် တောမီးလောင်မှုဖြစ်ပွားနေသော ဒေသအချို့၌ တစ်လအတွင်း ပထမဆုံးဖြစ် ကြောင်းနှင့် ဒေသခံများအနေဖြင့် နေအိမ်များသို့ပြန်လာခွင့်ရရန် ကြိုးပမ်းနေကြောင်း ဒေသတွင်းသတင်း ဌာနက ပြောသည်။
Ref: CAN