အများပြည်သူ အလုပ်ပိတ်ရက်ကာလအတွင်း ရန်ကုန်ဘူတာကြီးမှရထားများ ပုံမှန်အချိန် ဇယားအတိုင်း ပြေးဆွဲပေးနေ

အများပြည်သူ အလုပ်ပိတ်ရက်ကာလအတွင်း ရန်ကုန်ဘူတာကြီးမှရထားများ ပုံမှန်အချိန် ဇယားအတိုင်း ပြေးဆွဲပေးနေ

မြန်မာ့မီးရထားအနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက်ကာလအတွင်း ခရီးသွားရန် လိုအပ်သည့် ပြည်သူများအတွက် ရန်ကုန်ဘူတာကြီးမှ ရထားများ ပုံမှန်အချိန်ဇယား အတိုင်း ပြေးဆွဲပေးနေကြောင်း ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး  ဦးသောင်းထိုက်၏ ပြောကြားချက်အရ သိရသည်။

“ဇူလိုင် ၁၇ ရက်နဲ့ ၁၈ ရက်ပဲ ရထား ပြေးဆွဲတာရပ်ထားတယ်။ ဇူလိုင် ၁၉ ရက်  ကစပြီး ပုံမှန်ပြန်ပြေးဆွဲပေးတယ်။ လက်ရှိမှာ ရန်ကုန်-ပဲခူး၊ အင်းစိန်-ဥက္ကံ ရထားတွေမပြေးဆွဲဘူး။ နယ်ဝေးရထားက ပုံမှန်ပြေးဆွဲပေးတယ်”  ဟု  ဦးသောင်းထိုက်က ပြောသည်။

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မြန်မာ့မီးရထားအနေဖြင့် မြို့ပတ်ရထားခရီးစဉ်ကို   ရုံးတက်၊ ရုံးဆင်းချိန်များတွင်သာ ပြေးဆွဲခဲ့ပြီး ကျန်မြို့ပတ်ရထား ခရီးစဉ်များကို ယာယီရပ်နားထားကြောင်း၊ မေ ၂၀ ရက်မှစ၍ လှော်ကား-အင်းစိန် ရထားကို ထပ်မံတိုးချဲ့ ပြေးဆွဲပေးကြောင်း သိရသည်။

ထို့ပြင် မြန်မာ့မီးရထားမှ ယာယီရပ် နားထားသည့်ခရီးစဉ်များကို   ပြန်လည် ပြေးဆွဲပေး ရာတွင် မေ ၁၅ ရက်မှစ၍ ပျဉ်းမနားဘူတာမှ ပျဉ်းမနား-တောင်တွင်း ကြီးအမှတ် (၁၀၃) အဆန်၊ (၁၀၄)အစုန် RBE ရထားတွဲနှစ်တွဲဖြင့် ပြန်လည်ပြေးဆွဲ ပေးပြီး ရန်ကုန်-ပဲခူးလမ်းပိုင်း၌ အမှတ် (၁၃) အဆန်နှင့်  အမှတ်(၁၄) အစုန် RBE လူစီးရထားတွဲနှစ်တွဲဖြင့် မေ ၈ ရက် က  ပြန်လည်ပြေးဆွဲပေးကြောင်း၊ ယာယီ ရပ်နားထားသည့် ရန်ကုန်-မန္တလေး စာပို့ ရထားခရီးစဉ်ကို မေ ၆ ရက်မှ စတင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ခရီးသည် စီးနင်းမှု လျော့နည်းသဖြင့်   ရပ်နားထား သည့် ရထားခရီးစဉ်တချို့ ပြန်လည်ပြေးဆွဲ ပေးနေပြီး ခရီးသည် စီးနင်းမှုပေါ်မူတည်၍  လူစီးရထားများ  ထပ်မံပြေးဆွဲပေးမည်ဖြစ် ကြောင်း သိရသည်။

ဆုလာဘ်