ဗီဒီယိုကြည့်မယ်ဆိုရင် ၂၆ နာရီအထိ ဖုန်းပြောရုံပဲဆိုရင် ရက်ပေါင်းများစွာ အင်တာနက် အသုံးပြုမယ် ဆိုရင် ၂၁ နာရီအထိ အသုံးပြုနိုင်မှာကတော့ ဘက်ထရီစွမ်းအင် 6000mAH နဲ့ ထွက်ပေါ်လာမယ့် Galaxy F41 ပါပဲ။
မျက်နှာပြင် ၆ ဒသမ ၄ လက်မရှိတဲ့ Super AMOLED ဖန်သားပြင်ကို အသုံးပြုထားပြီး စက်မောင်းနှင်မှုအတွက် Exynos 9611 chipsetကို အသုံးပြုထားပါတယ်။
RAM အတွက်က 6GB တစ်မျိုးတည်းနဲ့သာ ထွက်လာမှာဖြစ်ပြီး အချက်အလက် သိုလှောင်မှု အတွက်ကတော့ 64/128GB တွေနဲ့ ရရှိနိုင်ပါလိမ့်မယ်။
ဒါ့အပြင် ကတ်သုံးကတ်စိုက်လို့ရတာကြောင့် ဆင်းကတ်နှစ်ကတ်အပြင် နောက်ထပ် မမ်မိုရီကတ်တစ်ကတ်ကိုလည်း ထပ်စိုက်နိုင်မှာပါ။
အရေးအကြီးဆုံးဖြစ်တဲ့ ကင်မရာ စွမ်းဆောင်ရည်ပိုင်းမှာတော့ နောက်ဘက်ကင်မရာ သုံးလုံးနဲ့ ရှေ့ဘက်ကင်မရာတစ်လုံး
တို့ကို တပ်ဆင်ပေးထားပါတယ်။ နောက်ဘက်အဓိက ကင်မရာက 64MP နဲ့ ရှေ့ဘက်ကင်မရာက 32MP ရှိပါ လိမ့်မယ်။
Single Take လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကတော့ အကောင်းဆုံးပါပဲ။ သူကတစ်ချိန်တည်းမှာ ဓာတ်ပုံခုနစ်ပုံနဲ့ ဗီဒီယိုသုံးခုကို ရိုက်ကူးနိုင်ပြီး နောက်မှမလိုတဲ့ဟာတွေကို ပြန်ဖျက်နိုင်ပါတယ်။
အထက်မှာပြောခဲ့သလို ဘက်ထရီစွမ်းအင်ကများပြားပေမယ့် အမြန်အားသွင်း စနစ်တော့ မပါဝင်ပါဘူး။
ဒါကြောင့် ဘက်ထရီအားအပြည့်ဖြစ်ဖို့ဆိုရင် ၂ နာရီနဲ့ မိနစ် ၄၀ကြာသွင်းရမှာပါ။ အိန္ဒိယနိုင်ငံမှာပဲ ဒီဇိုင်းရေးဆွဲ ဖန်တီးထုတ်လုပ်ထားတဲ့ ဒီဖုန်းဟာ လူငယ်တွေအကြိုက် ဖုန်းတစ်လုံး ဖြစ်ပါလိမ့်မယ်။
နွေဦး