အရှေ့တောင်အာရှဒေသဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး အမေရိကန်စင်တာ (U.S. CDC, Southeast Asia Regional Office) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

အရှေ့တောင်အာရှဒေသဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး အမေရိကန်စင်တာ (U.S. CDC, Southeast Asia Regional Office) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် သြဂုတ် ၂၅

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့  JW Marriott Hanoi တွင် သြဂုတ် ၂၅ ရက်နေ့ မြန်မာစံတော်ချိန်ညနေ ၃ နာရီ၌U.S. Health Engagement in Southeast Asia: Launch of U.S. Centers for Disease Control and Preventions ၊ Southeast Asia Regional Office ဖွင့်ပွဲ အခမ်းအနားကို Video Conferencing  စနစ်ဖြင့် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Pham Binh Min နှင့် အမေရိကန်ပြည်ထောင်စု သမ္မတနိုင်ငံ ဒုတိယ သမ္မတ Ms. Kamala Harris ၊ ဗီယက်နမ် နိုင်ငံ ကျန်းမာရေးဝန်ကြီး U.S. Secretary of Health and Human Services အာဆီယံနိုင်ငံများ၏ ကျန်းမာရေး ဝန်ကြီးများ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့့်U.S. CDC မှ ညွှန်ကြားရေးမှူးတို့ တက်ရောက်၍ နှုတ်ခွန်းဆက် စကားအသီးသီး ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် အတူ အာဆီယံနိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများ၊ ပါပူဝါနယူးဂီနီနိုင်ငံမှ ကျန်းမာရေး ဝန်ကြီး၊့ U.S. CDC မှ တာဝန်ရှိသူများ၊ ဒေသအတွင်းရှိ အမေရိကန်သံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ U.S. Centers for Disease Control and Preventionsç Southeast Asia Regional Office သည် အမေရိကန်ပြည်ထောင်စု့ U.S. Centers for Disease Control and Preventions နှင့် အာဆီယံနိုင်ငံများအကြား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုပူးပေါင်းမြှင့်တင် ဆောင်ရွက်ရေး၊ ကပ်ရောဂါဗေဒဆိုင်ရာ လက်တွေ့သင်တန်းများ ပေးခြင်း (Field Epidemiology Training Program)၊ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ကူးစက်ရောဂါများ  ဖြစ်ပွားမှု စောင့်ကြပ် ကြည့်ရှုခြင်း၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သိရသည်။