အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ ပြုလုပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ မတ် - ၁

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဓမ္မာရုံ၌ ပြုလုပ်ရာ လားရှိုးမြို့၊ အရှေ့ခါးရိုး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် မြို့နယ်သံဃနာယကအကျိုး တော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓ ဘဒ္ဒန္တသုဇာတ အမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အရှေ့ခါးရိုး ပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နဝကမ္မအလှူငွေ များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် အလှည့်ကျသံဃာတော်များက ပဋ္ဌာန်းဒေသနာတော်များကို စတင် ရွတ်ဖတ်ပူဇော်ကြပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။