နေပြည်တော်၊ မတ်-၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း စမ်းသပ်ထုတ်လွှင့်မည်ဟု သတင်းဖြစ်ပေါ်လျက်ရှိသည့် FM ရေဒီယိုလိုင်းတစ်ခုသည် ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်လွှင့်ခွင့်ပြုထားသည့် FM ရေဒီယို မဟုတ်ပါ။ အကယ်၍ ခွင့်ပြုချက်မရရှိဘဲ မည်သူမဆိုလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ထောက်ပံ့ကူညီခြင်းတို့ ပြုလုပ်ပါက တည်ဆဲတရားဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန