အာဖဂန်ဒုတိယ သမ္မတဟောင်း ထံမှ ရွှေချောင်း ၁၅ ချောင်းနှင့်  ဒေါ်လာ ၆ သန်း သိမ်းဆည်းရမိ

အာဖဂန်ဒုတိယ သမ္မတဟောင်း ထံမှ ရွှေချောင်း ၁၅ ချောင်းနှင့်  ဒေါ်လာ ၆ သန်း သိမ်းဆည်းရမိ

တာလီဘန်အဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ ဒုတိယသမ္မတဟောင်း အမ်ရူလာဆာလေး၏ နေအိမ်မှ ရွှေချောင်း ၁၅ ချောင်း နှင့် အမေရိကန်ဒေါ်လာ ၆ သန်းကို သိမ်းဆည်းရမိကြောင်း သိရသည်။

အမ်ရူလာဆာလေးသည် ကဘူးမြို့ကို တာလီဘန်တို့ ဝိုင်းထားစဉ် သမ္မတအာရှရက်ဂါနီက ကိုယ်လွတ်ရုန်း ထွက်ပြေးသွားသည့်အတွက် ကိုယ့်ကိုယ်ကိုယ် သမ္မတဟု ကြေညာထားသူဖြစ်သည်။

ထို့ပြင် ဒုတိယသမ္မတဟောင်း၏ နေအိမ်မှ ငွေစက္ကူ အမြောက်အမြားကိုလည်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း တာလီဘန်တို့၏ ဝင်ရောက်စီးနင်းမှုနှင့် နီးစပ်သူတစ်ဦးကပြောသည်။