အားအင်ပြည့်ဝစွမ်းရည်ရ ငှက်ပျောသီးကိုစားသုံးကြ

အားအင်ပြည့်ဝစွမ်းရည်ရ ငှက်ပျောသီးကိုစားသုံးကြ

လူသားတို့ အသက်ရှင်သန်ရေးတွင် ကံ၊  စိတ်၊ ဥတု၊ အာဟာရ  ဟူသော ဓာတ်ကြီးလေးပါးသည်အရေးပါလှသည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါကျရောက်နေ ချိန်တွင် လူသားတိုင်းအတွက်အလိုအပ်ဆုံးမှာ ကျန်းမာရေးကောင်းမွန်ရေးဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ရန်မှာ ကိုယ်ခံအား ကောင်းရေးသည် အဓိကဖြစ်သည်။ ကိုယ်ခံ အားကောင်းမွန်ရေးအတွက် အိပ်ရေး၀၀အိပ်ရမည်။ အစားကောင်းကောင်းစား ရမည်။ အစားကောင်းကောင်းဆိုရာဝယ် အားရှိသောအစားအစာကိုဆိုလိုခြင်းဖြစ်သည်။ ကံဆိုသည်မှာ အလုပ်ဟုဆိုသည့် အတိုင်း မိမိကိုယ်ကိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ရမည်။ စိတ်ဓာတ်ကျဆင်း မသွားစေရ။ ရာသီဥတုနှင့်လိုက်ဖက်ညီစွာ နေထိုင်ရသည်။ ပိတ်လှောင်ပြီး လေဝင် လေထွက်မကောင်းသော အခန်းမျိုးတွင် နေထိုင်ခြင်းမပြုရ။ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ကြရမည်။ ဤသို့ဆိုလျှင် မည်သည့်ရောဂါမျှကူးစက်ဖြစ်ပွားနိုင်မည် မဟုတ်ပေ။

ယခုအခါ ကမ္ဘာတစ်ဝန်း  ကိုဗစ်-၁၉ တတိယလှိုင်းကျရောက်နေချိန်တွင် ထိုလှိုင်း သည် မြန်မာနိုင်ငံသို့ကျရောက်လာသည်။ မြန်မာနိုင်ငံတွင် တပ်မတော်သည် ပြည်သူ့ အတွက်ဟူသည့်စိတ်ထားအတိုင်း ပြည်သူလူထု၏  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးလျက်ရှိသည်။ လူသားတိုင်း သက်ရှည်ကျန်းမာရေးကို  အဓိကထား လုပ်ဆောင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါစတင်ရောက်ရှိခဲ့သည့် အချိန်မှစ၍ တပ်မတော်အနေဖြင့် ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များကို ထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်ပေးခဲ့သည်မှာယနေ့တိုင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်တာဝန်ကိုစတင်ထမ်းဆောင်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင် ကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်ဦးတည်ချက်  ၉  ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။ ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားပေးမည်ဆိုသည့် လုပ်ငန်းစဉ်အတိုင်း  စီးပွားရေးအတွက်  အဓိကစိုက်ပျိုးရေးကို  အောင်မြင်စွာလုပ် ဆောင်စေခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်နေ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၉^၂၀၂၁)တွင်အမှာစကား ပြောကြားရာ၌ ]]စားသောက်ကုန်နှင့်ပတ် သက်၍ တပ်မတော်အနေဖြင့် တစ်သျှူး နည်းဖြင့် ဖီးကြမ်းနှင့်သီးမွှေးငှက်ပျောများ ထုတ်လုပ်လျက်ရှိကြောင်း၊ ငှက်ပျောသီး သည် ကျန်းမာရေးအတွက်အထောက် အကူဖြစ်ပြီး အာဟာရပြည့်ဝစွာရရှိကြောင်း၊  သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့် တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများတွင် စိုက်ပျိုးလိုပါက ပျိုးပင်များကို သင့်လျော်သည့်နှုန်းထားဖြင့်  ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပါက   တိုင်းပြည်အတွက် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူလူထု၏စားရေရိက္ခာ ဖူလုံရေးနှင့် ဈေးနှုန်းသက်သက်သာသာ  ဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း}} ထည့် သွင်းပြောကြားခဲ့သည်။

လူတိုင်း အလွယ်တကူအချိန်အခါမရွေး စားနိုင်သော အသီးအမျိုးအစားများတွင် ငှက်ပျောသီးလည်းပါဝင်သည်။ ငှက်ပျောသီး ၏အားသာချက်မှာ အခြားသောသစ်သီး များနှင့်ယှဉ်ကြည့်လျှင် ကရိကထမများဘဲ  အလွယ်တကူအခွံနွှာ၍စားသုံးနိုင်သည်။  ရေခဲသေတ္တာများတွင်အထူးတလည်ထည့် ထားရန်မလိုအပ်ဘဲ  အချိန်မရွေး၊ ဗိုက်ဆာ သည့်အချိန်တိုင်း အခွံနွှာစားရုံမျှဖြင့် ဆာလောင်မှုကို ဖြေရှင်းနိုင်သည်။ အစာကြေ ညက်လွယ်သောကြောင့် အရွယ်သုံးပါး မရွေးစားသုံးနိုင်သည်။ ငှက်ပျောသီးနှင့် ဓာတ်မတည့်သောကလေးမှာလည်းအလွန်ရှားလှသည်။

ကျန်းမာရေးရှုထောင့်ကကြည့်မည်ဆို ပါက ငှက်ပျောသီးတစ်နေ့တစ်လုံးစားပါက မည်သည့်ရောဂါမျှမကပ်ရောက်နိုင်သည့် အတွက် ငှက်ပျောသီးတစ်နေ့တစ်လုံးစား ဒေါက်တာတွေနဲ့ဝေးဝေးသွားဟူ၍ စာဖွဲ့ ထားကြသည်။ ထို့ပြင် လူတိုင်းကျန်းမာ ရေးအတွက် နံနက်သင်္ဘော ညငှက်ပျော  ဟူ၍ဆိုထားသည့်အတွက် ညအိပ်ရာဝင်ခါ နီးတိုင်း ငှက်ပျောသီးကိုစားသုံးသင့်လှပေသည်။  မြန်မာနိုင်ငံတွင် ငှက်ပျောသီးအမျိုး အမည်စုံလင်လှသည်။ ဖီးကြမ်း၊ သီးမွှေး၊  ဆင်အံ၊  နံ့သာပု၊ ငှက်ပျောချဉ်၊ ရွှေနီ ငှက်ပျော၊  ရခိုင်ငှက်ပျော၊ ဝက်မလွတ် ငှက်ပျော စသည်တို့ဖြစ်သည်။ ထိုအမျိုး အစားများစွာတွင် လူကြိုက်အများဆုံးမှာ ဖီးကြမ်းနှင့်သီးမွှေးငှက်ပျောတို့ဖြစ်သည်။

ဖီးကြမ်းငှက်ပျောသည် ခန္ဓာကိုယ်တွင်း အပူများသူများအတွက် အထူးသင့်တော် ပါသည်။  အသားဓာတ်ပွားစေပါသည်။  လူကို ဝဖြိုးစေသည်။ ကျောင်းနေအရွယ် ကလေးများကို   ဖီးကြမ်းငှက်ပျောသီး တစ်လုံးနှင့် လက်ဖက်ရည်ဇွန်းစာပမာဏ ရှိသော ပင်စိမ်းရွက်သတ္တုရည်တစ်ဇွန်းကို သမအောင်ရော၍ နေ့စဉ်ကျွေးခြင်းဖြင့်  ဦးနှောက်ဖွံ့ဖြိုး မှတ်Óဏ်ထက်သန်စေ သည်။ အသက်ရှည်၍ခွန်အားတိုးပွားစေ ရန်အတွက် ငှက်ပျောသီးကို ပျားရည်မှာ စိမ်နှစ်၍စားပေးသင့်သည်။ နာတာရှည် ချောင်းဆိုးသူများမှာ ဖီးကြမ်းငှက်ပျောကို ငရုတ်ကောင်းမှုန့်နှင့်တို့စားပါက သလိပ်ထွက်လာပြီး ချောင်းခြောက်ဆိုးခြင်းကို ပျောက်ကင်းစေသည်။ 

သီးမွှေးငှက်ပျောသည်လည်း ခန္ဓာကိုယ် <ကက်သားများကို ကောင်းစွာတည်ဆောက် ပေးသည့်အပြင်  ခွန်အားဖြစ်စေပြီး  လန်းဆန်းတက်<ကမှုကို  ဖြစ်စေပါသည်။  ရေဆာခြင်း၊ အော့အန်ခြင်းတို့ကို ဖြေသိမ့် ပေးသည်။ ငှက်ပျောမှန်သမျှသည် လူသားတို့ အတွက် ကောင်းကျိုးကိုသာဖြစ်ထွန်းစေပါသည်။

မြန်မာမှုနယ်ပယ်တွင် ငှက်ပျောအသုံး ပြုမှုအခန်းကဏ္ဍမှာ ကျယ်ဝန်းလှသည်။ငှက်ပျောသည်   ရှေးနှစ်ပေါင်းများစွာ ကတည်းက လူသားတို့၏အာဟာရစားသုံး သီးနှံ၊ အကျိုးပြုသီးနှံဖြစ်သည်။ ငှက်ပျော စိုက်ပျိုးသူများအနေဖြင့် ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းသည့်  သက်တမ်းတူ၊  အရွယ်တူငှက်ပျောပင်များ ထွက်ရှိရေး အတွက် တပ်မတော်မှပညာရှင်များက သုတေသနများပြုလုပ်ကာ ကျောက်စိမ်း ဖီးကြမ်းတစ်သျှူးငှက်ပျောနှင့် သီးမွှေး တစ်သျှူးငှက်ပျောပင်များကို မျိုးပွားထုတ် လုပ်လျက်ရှိသည်။ အထွက်နှုန်းကောင်းမွန်၍  အရည်အသွေးပြည့်ဝသောငှက်ပျောသီး များအဖြစ် လူကြိုက်များသည့်အတွက် ဈေးကွက်မှာလည်း ကျယ်ပြန့်လာသည်။

၂၀၁၉ ခုနှစ်ကစတင်၍ တပ်မတော်အကြီး အကဲ၏လမ်းညွှန်မှုဖြင့်  ွှငျျကန ဃကူအကမန  ဓာတ်ခွဲခန်းမှပျိုးပင်များမျိုးပွားထုတ်လုပ် ပေးပြီး တိုင်းစစ်ဌာနချုပ်များသို့ ဖြန့်ဖြူးစိုက် ပျိုးစေခဲ့သည်။ ယခုအခါ အောင်မြင်မှုများ စွာရရှိပြီး တပ်တွင်းမိသားစုဖူလုံရုံသာမက  ဒေသခံပြည်သူများသို့ပါ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ပြီဖြစ်သည်။

တပ်မတော်တွင် ကျောက်စိမ်းဖီးကြမ်း နှင့်  သီးမွှေးတစ်သျှူးငှက်ပျော စိုက်ပျိုး အောင်မြင်မှုနည်းတူ မိဘပြည်သူများအနေ ဖြင့်လည်း  မိမိတို့ရေမြေဒေသနှင့်ကိုက်ညီမှု ရှိပါက အောင်မြင်စွာစိုက်ပျိုးနိုင်ရေးနှင့်   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်ရေးအတွက်   ကျောက်စိမ်းဖီးကြမ်း နှင့် သီးမွှေးတစ်သျှူးငှက်ပျောပျိုးပင်များ ကို တစ်ပင်လျှင်  ငွေကျပ် ၄၀၀ နှုန်းဖြင့်  တစ်နိုင်ငံလုံးသို့   ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ 

တပ်မတော်သည် ပြည်သူလူထု၏အကျိုး စီးပွားကိုအစဉ်ဦးထိပ်ထားလျက်ရှိသည်နှင့် အညီ တပ်မတော်ကျောက်စိမ်းဖီးကြမ်းနှင့် သီးမွှေးတစ်သျှူးငှက်ပျောပျိုးပင်များကို  ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းဖြစ်သည်။ တပ်ရင်းတပ်ဖွဲ့များတွင်အောင်မြင်ဖြစ်ထွန်း သည့်နည်းတူ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း  ငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးစေချင်သည်။ အခြားသောဝန်ကြီး ဌာနများတွင်လည်း စုပေါင်းစိုက်ပျိုးခြင်းဖြင့် အောင်မြင်မှုရစေချင်သည်။

ငှက်ပျောသီးတွင်အဓိကပါဝင်သည်မှာ ရေဓာတ်က ၇၅ ရာခိုင်နှုန်း၊ အသားဓာတ်က ၂၅ ရာခိုင်နှုန်းဖြစ်သည်။ ငှက်ပျောသီး ၁၀၀ ဂရမ်ကိုစားသုံးလျှင် ကယ်လိုရီ ၉၀ ရရှိမည် ဖြစ်ပြီး ကယ်လိုရီမြင့်မားသောအစားအစာ တစ်ခုဖြစ်သည်။ ငှက်ပျောသီးကိုအခွံနွှာ သည့်အခါ တွေ့ရှိရသောအမျှင်ကလေးများ ခွာမပစ်ဘဲစားသုံးပေးပါက ကျန်းမာရေးကို အထောက်အကူပြုစေပါသည်။ ငှက်ပျော သီးတွင် ဗီတာမင်ဘီစစ်နှင့် ဗီတာမင်စီတို့ ပါဝင်ပြီး သတ္တုဓာတ်အနေဖြင့် ပိုတက်စီယမ် ပါဝင်သည်။ အခြားသောသီးနှံများထက် ငှက်ပျောသီးတွင် ပိုတက်စီယမ်ပါဝင်နှုန်း အများဆုံးဖြစ်သည်။

ငှက်ပျောသီးစားခြင်းဖြင့် အရိုးများခိုင်မာ စေခြင်း၊ ဝမ်းမှန်စေခြင်း၊ သွေးတိုးရောဂါကို ကာကွယ်ကုသရာတွင်အသုံးဝင်ခြင်း၊ ကင်ဆာရောဂါအချို့ကိုကာကွယ်ပေးခြင်း အကျိုးကျေးဇူးရရှိနိုင်သည်။ ငှက်ပျောသီး သည် အာဟာရတန်ဖိုးအလွန်မြင့်မားသည့် အပြင် ကျန်းမာရေးအတွက် အထူးသင့် လျော်သည်။ လူကြီးလူရွယ်လူငယ်ကျား၊ မ မရွေး   အရွယ်သုံးပါးစားသုံးသင့်သော  အသီးလည်းဖြစ်ပေသည်။

လက်ရှိကာလတွင် ကိုဗစ်-၁၉ ရောဂါသည် တစ်နိုင်ငံလုံး၌ဖြစ်ပွားနေသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသူများအနေဖြင့် အစာအာဟာရပြည့်၀ စွာစားသုံးပေးရန် လိုအပ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြက်ဥ အစားထိုးအဖြစ် စားသုံးနိုင်သော အစားအစာများ၏ အာဟာရတန်ဖိုးကို ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယင်းအစားအစာထဲတွင် ငှက်ပျောသီး စားသုံးရန်ပါဝင်သည်။ ငှက်ပျောသီးတစ်လုံးတွင် အာဟာရတန်ဖိုးအနေဖြင့် ကယ်လိုရီ ၁၀၅၊ ပရိုတိန်းပါဝင်မှု ၁ ဒသမ ၃ ဂရမ် ပါဝင်ပြီး ဗီတာမင်နှင့် သတ္တုဓာတ်ပါဝင်မှု အနေဖြင့် Vitamin-C, Vitamin-D, Iron, Calcium,  Potassium,  Phosphorous တို့ ပါဝင်သည်။

လက်ရှိအနေအထားတွင် တပ်မတော်တပ်ရင်း/တပ်ဖွဲ့များ၏ အောင်မြင်စွာစိုက်ပျိုး နိုင်မှု အနေအထားကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက်ထားရှိသော ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးစင်တာများရှိ လူနာများ၊ လူနာစောင့်များ အာဟာရပြည့် စားသောက်နိုင်ရန် ဖီးကြမ်းငှက်ပျောများ ကိုလှူဒါန်းပေးလျက်ရှိသည်။ ငှက်ပျောသီး  ကိုကျွေးမွေးခြင်းဖြင့် လူနာများစိတ်ရွှင်လန်း တက်ကြွကာ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုလျက်ရှိသည်။ ကိုဗစ်စင်တာများအပြင် တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှုခံယူလျက်ရှိသူများအတွက် တပ်မတော်သားတို့စိုက်ပျိုး ထုတ်လုပ်သော ကျောက်စိမ်းဖီးကြမ်းနှင့် သီးမွှေးတစ်သျှူး ငှက်ပျောများလှူဒါန်းပေးလျက်ရှိသည်။  လူတိုင်းအတွက် အချိန် မရွေးစားသုံးနိုင်သော အစာအာဟာရလည်းဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် မိမိကိုယ်ကို မိမိပြုစုစောင့်ရှောက် နိုင်ရန်အတွက် အစာအာဟာရသည် အဓိကဖြစ်ပေရာ သက်ရှည်ကျန်းမာအားအင် ပြည့်ဖြိုးလိုသူတိုင်း    ငှက်ပျောသီးစားသုံးကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။   ။