အိန္ဒိယက အသက် ၁၂ နှစ်အထက်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးမည်

အိန္ဒိယက အသက် ၁၂ နှစ်အထက်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးမည်

အိန္ဒိယနိုင်ငံ၌ ကာဒီလာ ကျန်းမာရေး စောင့်ရှောက်မှုကုမ္ပဏီက ၎င်း၏ ZyCoV-Dအမည်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  စတင်ဖြန့်ဖြူး ရောင်းချမည်ဖြစ်သော လာမည့်လမှစ၍ အသက် ၁၂ နှစ်အထက်များကို ကာကွယ်ဆေး ထိုးပေးနိုင်ဖွယ်ရှိကြောင်း သတင်းအရင်းအမြစ်နှစ်ခု၏ ပြောဆိုချက်အရ သိရသည်။

အိန္ဒိယ တာဝန်ရှိသူများသည် ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်သော ဒီအန်အေ အခြေခံ ZyCoV-D ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် ပြီးခဲ့သည့်လတွင် ခွင့်ပြုထားပြီးဖြစ်သည်။

ထို့ကြောင့် ဇိုင်ဒက်ကာဒီလာဟု လူသိများသည့် အဆိုပါကုမ္ပဏီသည် အောက်တိုဘာလမှစ၍ လစဉ်ကာကွယ်ဆေး အကြိမ်ရေ ၁ဝ သန်းစာကို  ထုတ်လုပ်သွားမည်ဖြစ်သည်။

ထို့ပြင်  အဆိုပါကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံ၌ ကလေးများတွင် အသုံးပြုရန် ပထမဆုံးခွင့်ပြုသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်လာသည်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံနီးပါးရှိသည့် အိန္ဒိယနိုင်ငံသည် အရွယ်ရောက်ပြီးသူများကို ကာကွယ်ဆေး အကြိမ်ရေ ၈၂၅ ဒသမ ၉ သန်း ထိုးပေးထားပြီး ဖြစ်ကြောင်း သိရသည်။