အိန္ဒိယက အောက်တိုဘာလကုန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရှစ်သန်းတင်ပို့မည်

နယူးဒေလီ၊ ကာကွယ်ဆေး

အိန္ဒိယက အောက်တိုဘာလကုန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရှစ်သန်းတင်ပို့မည်

အိန္ဒိယနိုင်ငံအနေဖြင့် အောက်တိုဘာလကုန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေပေါင်း ရှစ်သန်းကိုတင်ပို့ မည်ဖြစ် ကြောင်း သိရသည်။

အိန္ဒိယအစိုးရက ပြည်တွင်းထုတ် ကာကွယ်ဆေးများကို ပြည်ပသို့တင်ပို့ခြင်းတားမြစ်ထားမှုကိုဖယ်ရှားပြီးနောက် ယခုကဲ့သို့  တင်ပို့သွားရန် စီစဉ်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်တွင်ထုတ်ပြန်သည်။ ထို့ပြင် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း အိန္ဒိယနိုင်ငံအနေဖြင့် ကာကွယ်ဆေးများတင်ပို့မှုကို ပြန်လည်စတင်မည်ဖြစ်ကြောင်း အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန်တို့ပါဝင်သည့် လေးနိုင်ငံအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးတွင် ကတိပြုထားသည်။

သတ်မှတ်ကာလအတွင်း အိန္ဒိယနိုင်ငံကတင်ပို့မည့် ကာကွယ်ဆေးရှစ်သန်းအနက် အများစုမှာ ဂျွန်ဆင်အန်ဂျွန်ဆင် ကုမ္ပဏီက ဖော်စပ် ထားသော ဆေးများဖြစ်ကြောင်းနှင့် အာရှ-ပစိဖိတ်ဒေသရှိ  နိုင်ငံများကိုအဓိကတင်ပို့သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီး ဟာ့ရှဗာဒန်ရှရင်ဂလာက ပြောသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင်ကာကွယ်ဆေး ထုတ်လုပ်မှု အများဆုံးသောနိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအရောက်တွင် ကမ္ဘာတစ်ဝန်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေပေါင်းတစ်ဘီလီယံတင်ပို့သွားမည်ဟု ယခုနှစ်အစောပိုင်းတွင်ကတိပြု သည်။ သို့သော် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအလွန်ဆိုးဝါးလာသည့် မေလမှစ၍ ကာကွယ်ဆေးကို ပြည်ပတင်ပို့မှု ဆိုင်းငံ့ ခဲ့ခြင်းဖြစ်သည်။

ယခုအခါ   နိုင်ငံအတွင်း   ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုကျဆင်းလာသည့်အတွက် အစိုးရက ကာကွယ် ဆေးများ ပြန်လည် တင်ပို့မှုကို ယခုသီတင်းပတ်တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေ သန်းပေါင်း ၈၄၀ နီးပါးထိုးပေးထားနိုင်ကာ အရွယ် ရောက်ပြီးသူများအားလုံးအနက် ထက်ဝက်ခန့်ကို အနည်းဆုံးကာကွယ်ဆေးတစ်ကြိမ်ထိုးပေးထားပြီး ကာကွယ်ဆေး အကြိမ်ရေ အပြည့် ထိုးပြီးသူ ၁၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။        

Ref: CAN