နယူးဒေလီ၊ သဘာဝဘေး
အိန္ဒိယနိုင်ငံရှိ ဟိမဝန္တာရေခဲမြစ်ပြိုကျမှုကြောင့် ရေကြီးမှုဖြစ်ပွားသည့်အတွက် ဖေဖော်ဝါရီ ၇ ရက်တွင် နိုင်ငံ မြောက်ပိုင်းရှိ ဒေသအများအပြားမှဒေသခံများကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးပြီး သတိပေးချက် ထုတ်ပြန် ထားကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ ရေခဲမြစ်ပြိုကျမှုကြောင့် ဥတ္တရခန်းပြည်နယ်ရှိရေကာတာဆီသို့ ရေများဒလဟောစီးဆင်းနေပြီး ထိုပြည်နယ်ရှိ ဒေသအချို့မှာ ရေလွှမ်းမိုးမှုခံရကြောင်း သတင်းဌာနများက ဖော်ပြထားသည်။ သို့သော် နန်းပရာယတ်အလွန်ရှိ အလက်နန်ဒါမြစ်ရေသည် ပုံမှန်အတိုင်း စီးဆင်းနေမှုမှာ စိတ်သက်သာရာရစေသည့် သတင်းကောင်းဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ထရီဗန်ဒရာဆင်းရာဝက်က ပြောသည်။
ထို့ပြင် ထိုမြစ်၏ ရေမျက်နှာပြင်သည် ပုံမှန်အမြင့်ထက် ၁ မီတာသာမြင့်တက်နေပြီး ရေစီးဆင်းမှုနှုန်းမှာ လျော့ကျလာနေကြောင်း ၎င်းကဆက်ပြောသည်။ ထိုရေကာတာတည်ရှိသော ချာမိုလီခရိုင်ရှိပြည်သူများ အနေဖြင့် ထိုဒေသမှ အမြန်ဆုံးထွက်ခွာရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်ဟု သိရသည်။
Ref: TST