အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တီဟီရန်မြို့၌ကျင်းပပြုလုပ်မည့် အာရှပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)အဖွဲ့ဝင်နိုင်ငံများ၏ (၁၉)ကြိမ်မြောက်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ဒုတိယဝန်ကြီးချ

 

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တီဟီရန်မြို့၌ကျင်းပပြုလုပ်မည့် အာရှပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)အဖွဲ့ဝင်နိုင်ငံများ၏ (၁၉)ကြိမ်မြောက်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော် ဇွန် ၂၁

 

ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တီဟီရန်မြို့၌   ကျင်းပပြုလုပ်မည့် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့(အေစီဒီ) အဖွဲ့ဝင်နိုင်ငံများ၏ (၁၉)ကြိမ် မြောက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့  ပါဝင်တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

Dates: 
Wednesday, July 3, 2024 - 12:52