ဥတ္တရသီရိမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၁၂

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်ခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် နှာခေါင်းစည်း (Mask) များ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။