ဥတ္တရသီရိမြို့နယ်ရှိ နန်ချွန်ဘုန်းတော်ကြီးကျောင်းအား ဆန် ဆီနှင့် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း

နေပြည်တော်၊ လူမှုရေး

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဆွမ်းကွမ်းခက်ခဲသော ဘုန်းတော်ကြီးကျောင်းများအား ဆန်၊ ဆီနှင့်ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်တာဝန်ရှိသူများက လှူဒါန်းပေးလျက်ရှိရာ သြဂုတ် ၁၈ ရက်နံနက်ပိုင်းတွင် ဇလောင်း ကျေးရွာအုပ်စု နန်ချွန်ကျေးရွာရှိ အေးမြသာယာ   ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော် ၂၆ ပါး၊ သာမဏေ ၂၄ ပါးတို့အတွက် ဆန်အိတ် ၂၀၊ ဆီ ၁၅ ပိဿာ၊ ကြက်ဥ  ၁၅၀ လုံးနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးမင်းနှင့် ဥတ္တရသီရိစေတနာ့ဝန်ထမ်း များအဖွဲ့(OVG)တို့က  လှူဒါန်းပေးပြီးကျန်ရှိနေသေးသည့်   မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ အား ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။             

ကျော်စွာဟိန်း(ပြန်/ဆက်)