ဧရာဝတီမြစ်အတွင်း ငါးသားပေါက်ကောင်ရေ နှစ်သိန်းစိုက်ထည့်

ကျောက်မြောင်း၊ မွေးမြူရေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ကျောက်မြောင်းမြို့ ရတနာသိင်္ဃတံတားအောက် ဆောက်လုပ်ရေး ဘိုတဲအနီး ဧရာဝတီမြစ်အတွင်းသို့ ဇွန် ၂၄ ရက်နံနက်ပိုင်းက ငါးသားပေါက် ကောင်ရေနှစ်သိန်း စိုက်ထည့်ခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ရာတွင် ၂ လက်မအရွယ်ရှိ ငါးမြစ်ချင်းသားပေါက်ကောင်ရေ တစ်သိန်းငါးသောင်း၊ ထိုင်းငါးခုံးမကြီးကောင်ရေငါးသောင်း စုစုပေါင်း ငါးသားပေါက်ကောင် ရေနှစ်သိန်း စိုက်ထည့် ခဲ့ကြောင်းသိရသည်။

‘‘ငါးသယံဇာတ တိုးတက်ပွားများစေရန်၊ ငါးရကိ္ခာဖူလုံလောက်ငစေရန်နဲ့ ဒေသအတွင်း ငါးစားသုံးမှု ဖူလုံစေရန်ရည်ရွယ်ပြီး ငါးမျိုးတွေကို စိုက်ထည့်ပေးတာ ဖြစ်ပါတယ်’’ဟု ရွှေဘိုခရိုင် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်သန်းဦးကပြောသည်။ ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်နှစ်စဉ် မြစ်များ၊ ချောင်းများထဲ၌ ငါးသယံဇာတများလျော့နည်းခြင်းအား ပြန်လည်ဖြည့်ဆည်းရေးအတွက် ငါးမျိုးစိုက်ထည့်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင်ငါးသယံဇာတများ လျော့ပါးမှုမရှိစေရေးအတွက် အလွန်အကျွံငါးဖမ်းဆီးခြင်း၊ တရားမဝင်ငါးဖမ်းဆီးခြင်းတို့ကို မပြုလုပ်ရန်ဟောပြောခြင်း၊ အသိပညာ ပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ကြောင်း သိရသည်။