၀မ်းသာကျေနပ်ဖွယ်ကောင်းသောလှူဒါန်းမှု

 

Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီသည် COVID-19 ရောဂါကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေးအတွက် COVID-19 ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင်  ဖွဲ့စည်းထားရှိသည်။ အဆိုပါကော်မတီအနေဖြင့် မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်တွင် ဘဏ်စာရင်း ဖွင့်လှစ်ကာ ရောဂါကာကွယ်ဆေးအတွက် ငွေကြေးများပါဝင်လှူဒါန်းကြရန် ဖိတ်ခေါ်ခဲ့သည်။

အဆိုပါကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund)သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် တပ်မတော်က ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင်ထည့်ဝင်လှူဒါန်းခဲ့သည်။

ဃဥဠှီု-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် လိုအပ်သည်များအသုံးပြုရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၏ တစ်လစာ လစာငွေများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊စစ်သည်များနှင့် အရပ်သားအစားခန့် ဝန်ထမ်းများ၏ လစာငွေမှ တစ်ရက်လုပ်ခလစာငွေများကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ပထမအကြိမ် အဖြစ်လည်းကောင်း၊ တပ်မတော်အရာရှိကြီးများ၏ တစ်လစာ လစာငွေ၏ ၂၅ ရာခိုင်နှုန်းနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊  စစ်သည်များနှင့်  အရပ်သားအစားခန့်ဝန်ထမ်းများ၏လစာငွေမှ  တစ်ရက်လုပ်ခလစာငွေများကို ၂၀၂၀ ပြည့်နှစ် မေလတွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း စုစုပေါင်းငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော် စုပေါင်းပါဝင်လှူဒါန်းခဲ့ကြသည်။

အဆိုပါစုပေါင်းလှူဒါန်းငွေများဖြင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများကိုဝယ်ယူ၍ ဆေးရုံများ၊ လူမှုအဖွဲ့အစည်းများ၊ တပ်မတော်ကစီစဉ်ထားသော သီးခြားစောင့်ကြည့် သူများထားရှိရန်နေရာများနှင့် ဃဥဠှီု-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာများထားရှိရန်နေရာများသို့ ပေးအပ်လှူဒါန်းခဲ့သည်။ တပ်မတော် အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အင်တိုက် အားတိုက်ဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါ နိုင်ငံအတွက်လိုအပ်လျက်ရှိသော COVID-19 ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်သန်းတစ်ထောင်ကို ပထမအကြိမ်အဖြစ် COVID-19  ရောဂါကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီသို့ ထည့်ဝင်လှူဒါန်းခဲ့ပြန်ပါသည်။  ဤသည်မှာ  နိုင်ငံတော်၊  ပြည်သူနှင့်   တပ်မတော်အတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပေသည်။ တပ်မတော်အနေဖြင့် လိုအပ်ချက်အရ ဆက်လက် ထည့်ဝင်လှူဒါန်းသွားမည်ဟူသော သတင်းကိုလည်း ကြားသိလိုက်ရသည်။

တစ်ယောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူသော်ရ၏ ဆိုစကားကဲ့သို့ပင် တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိ၊  စစ်သည်မိသားစုများ၏  စုပေါင်းအားဖြင့်ထည့်ဝင်လိုက်သော  ငွေကျပ်သန်း တစ်ထောင်သည် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် များစွာအကျိုးပြုသွားမည်ဖြစ် သည်။ မြန်မာတို့သည် ဗုဒ္ဓဘာသာဝင်များပီပီ အလှူရေစက်လက်နှင့်မကွာ ပြုမူနေထိုင်ပေးလှူရန် ဆန္ဒရှိကြ သူများဖြစ်သည်။ မိမိတို့ပေးလှူလိုက်သောကြောင့် သူတစ်ပါးအဆင်ပြေပြေရှိသွားပြီဆိုလျှင် လှူရကျိုးနပ်ပေသည်။ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ရောဂါဆိုးကြီး လွင့်စဉ်ပျောက်ကွယ် သွားမည် ဆိုလျှင် ဝမ်းသာအားရရှိကြမည်မှာ အမှန်ဖြစ်သည်။ ထိုရောဂါဆိုးမရှိမှသာ သို့မဟုတ် ထိုရောဂါဆိုး အတွက် ကာကွယ်ဆေး ရှိနေမှသာ မိမိတို့၏ရင်သွေးငယ်များ ကျောင်းတက်ရန် အခွင့်အရေးပေါ်လာမည် ဖြစ်သည်။ အမှုထမ်း၊ အရာထမ်းများအနေဖြင့် လုပ်ငန်းခွင်များကို အစဉ်လာမပျက် ပြန်လည် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

လူသားတို့စားဝတ်နေရေး၊ လူမှုရေးများချောမောမည်ဖြစ်ပေသည်။ အဓိကမှာ တိုင်းသူပြည်သား လူအများတို့ စိတ်ချမ်းမြေ့စေရေးအတွက် COVID-19 ရောဂါကာကွယ် ဆေးလိုအပ်သည်။ ထိုဆေးဝယ်ယူ ရရှိဖို့အတွက် နိုင်ငံတော်မှ အလှူရှင်များကိုဖိတ်ခေါ်သည်။ လှူမည့်သူ အရေအတွက်များပြား လာလေလေ  ကာကွယ်ဆေးများများ ဝယ်နိုင်လေဖြစ်ပေမည်။  ကာကွယ်ဆေး လုံလောက်မှုရှိ လာသည်နှင့် ရဟန်းရှင်လူပြည်သူအပေါင်း ပြုံးပျော်ရွှင်ပျ ဝမ်းသာမဆုံးရှိနေပါလိမ့်မည်။

တပ်မတော်သည် ကမ္ဘာတွင် ထိုရောဂါဆိုးဖြစ်ပွားနေသည်ဟု သတင်းကြားရစဉ်ကပင် ရောဂါကာကွယ် ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးများကို ဆောင်ရွက်ခဲ့သည်။ ယနေ့တိုင်လည်း အင်တိုက်အားတိုက် ဆောင်ရွက်နေဆဲ ဖြစ်သည်။ ထိုသို့တစ်နိုင်ငံလုံး အကြားအလပ်မရှိဆောင်ရွက်နေလျက်ကပင် ကာကွယ်ဆေးအတွက် အလှူ ငွေကျပ်သန်းတစ်ထောင် ထည့်ဝင်ခြင်းဖြစ်သည်။   ဝမ်းသာကျေနပ်ဖွယ် ကောင်းသော လှူဒါန်းမှုအဖြစ်  ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။