တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံတောင်သူများက ဝဥများကို ကြားသီးနှံအဖြစ် ဥယျာဉ်ခြံများနှင့် ရော်ဘာခြံများတွင် စိုက်ပျိုးလာကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ယခုအခါ ပြည်ပဈေးကွက်တွင် ဝယ်ယူမှုများလာခြင်းကြောင့် ဝဥကို ကြားသီးနှံအဖြစ် စိုက်ပျိုးကာ မိသားစုဘဝ အလုပ်အကိုင် အခွင့်အလမ်းနှင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိလျက်ရှိသည်။
ဝဥကိုမိုးဦးကျကာလဖြစ်သော ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး ကုန်ကျစရိတ်မှာ အပင် ၁၀၀၀ လျှင် ငွေကျပ်သုံးသိန်းနှင့် ငွေကျပ်လေးသိန်း ဝန်းကျင်လောက် ကုန်ကျကာ နိုဝင်ဘာလတွင် တူးဖော်ရောင်းချရသည်။
ဝဥအပင်များကို ကလိန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ ဖြစ်သည့် မိကျောင်းလှောင်း၊ သာယာမွန်၊ မရမ်းချောင်း၊ ရာဖူး စသည့်ကျေးရွာတို့တွင် ဥယျာဉ်ခြံများနှင့် ရော်ဘာခြံများတွင် ကြားသီးနှံအဖြစ် စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရသည်။