(၁၇)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မနိုင်ငံကအိမ်ရှင်အဖြစ် Video Conference  စနစ်ဖြင့်ကျင်းပ

(၁၇)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မနိုင်ငံကအိမ်ရှင်အဖြစ် Video Conference  စနစ်ဖြင့်ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၁၂

(၁၇)ကြိမ်မြောက်  မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင်နေပြည်တော်ရှိ  ပြည်ထဲရေးဝန်ကြီးဌာနမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး  အစည်းအဝေးခန်းမ၌  Video Conference စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်(NNCC)မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို(NCB)  ညွှန်ကြားရေးမှူးချုပ် Mr.Liang Yun  ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC)မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB)ညွှန်ကြားရေးမှူးချုပ် Mr.LiangYun နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး   ရဲမှူးချုပ်ဝင်းနိုင်ကစိတ်ပြောင်းဆေးဝါးနှင့်   မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်  မရှိမဖြစ်လိုအပ်သည့်ပရီကာဆာဓာတုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုသည်     လွန်စွာမြင့်မားလာသဖြင့် ပရီကာဆာဓာတုပစ္စည်းထိန်းချုပ်မှုလုပ်ငန်းသည် အရေးတကြီးဆောင် ရွက်ရမည့်ကိစ္စတစ်ခုဖြစ်လာကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပရီကာဆာထုတ်လုပ်သည့်နည်းပညာများနှင့် စက်ရုံ၊ အလုပ်ရုံများမရှိသော်လည်း   နိုင်ငံ၏ရှည်လျားလှသည့် နယ်နိမိတ်တွင် ဝင်/ထွက်ပေါက်များအားအပြည့်အဝထိန်းချုပ်ရန်ခက်ခဲခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်သူများအနေဖြင့် နယ်စပ်ဒေသတွင်ရှိနေသည့်  အချို့သော  အဖွဲ့ အစည်းများအား အသုံးချအခွင့်ကောင်းယူ၍ပရီကာဆာဓာတုပစ္စည်းများအား နယ်စပ်ဒေသမှတစ်ဆင့် တရားမဝင်ဝင်ရောက်နေမှုမှလည်း  မိမိတို့အတွက်  စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲစ်ကြောင်း၊တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို မိမိတို့၏အင်အားနှင့် စွမ်းရည်ရှိသမျှ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးဈေးကွက်သည် နိုင်ငံတကာတွင် ဝယ်လိုအားမြင့်တက်လျက်ရှိသည့်အတွက် ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ နည်းမျိုးစုံဖြင့်ထိုးဖောက်ဝင်ရောက်လာမှုကလည်း အဓိကရင်ဆိုင်နေရသည့်    ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုအခြေအနေနှင့် လမ်းကြောင်းအခြေအနေတို့အားသုံးသပ်ပြီး   လိုအပ်သည့်နယ်မြေများတွင် တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသော်လည်း   အချို့သောနယ်စပ် ဒေသများတွင် မိမိတို့အနေဖြင့် တားဆီး နှိမ်နင်းရေးလုပ်ငန်းများအား အပြည့်အဝဆောင်ရွက်နိုင်မှု အားနည်းနေသေးသဖြင့်နှစ်နိုင်ငံ    နယ်စပ်ဒေသတစ်လျှောက်တရားမဝင်    ဝင်/ထွက်ပေါက်များရှိရာဒေသများတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား    ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် မြန်မာ-တရုတ်နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ပြန်လည် သုံးသပ်ခြင်း၊  ပရီကာဆာဓာတုပစ္စည်းများ တရားမဝင်    ဝင်ရောက်မှုမရှိစေရေးထိန်းချုပ်ဆောင်ရွက်ရမည့်အခြေအနေများ၊နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပြီး (၁၈)ကြိမ်မြောက် အစည်းအဝေးအတွက် ကျင်းပမည့်ကိစ္စရပ်များကို    ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။               (၅၀၀)