၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ဇန်နဝါရီ - ၁၆
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။