(၂၈)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ အခမ်းအနား ဆက်လက် ကျင်းပ

ရန်ကုန်  ဧပြီ  ၆

(၂၈)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယ နေ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊    မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး  (ခုတင်-၅ဝဝ)နှင့် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁ဝဝဝ)    တို့၌ Online စနစ် Virtual Conference ဖြင့် တစ်ပြိုင်နက်တည်း ဆက်လက်ကျင်းပ ပြုလုပ်ရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး   ဗိုလ်မှူးချုပ် ကိုကိုလွင်၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မှူးများ၊ တပ်ရင်းမှူးများ၊ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြု အရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။   ထို့ပြင်   အခြားတပ်မတော်ဆေးရုံ၊ ဆေးတပ်အသီးသီးသည် f Internet   မှတစ်ဆင့် နေရာ ၁၄ဝ ခုမှ ပါရဂူ၊ ဆေးမှူး၊  သူနာပြု(အရာရှိ)၊ သူနာပြုတက်ရောက်သူ စုစုပေါင်း   ၄၅၃  ဦး  တက်ရောက်ကြသည်။

ယင်းနေ့တွင် Major Symposium အဖြစ် "COVID-19 Pandemic-Lessons  Learnt" ၊  Clinical  Session  အခြား Symposium များအဖြစ် "CKD: Nutritional Management" ၊ "Gastrointesti-nal Bleeding Update"  ၊ "Role of  Progesterone in Women's Life" ၊ "Beyond Competence: Providing Excellence  in   Anaesthesia" ၊ "Changing Concept in Management of  Fragility Hip Fracture" ၊  "Sepsis in Children: Dealing with  Challenges" ၊  "Laparoscopic Urology" ၊ "Building  Shared  Vision in  Myanmar  Military  Practice" နှင့် Special Talks ၃ ခုတို့အား Auditorium ၄   နေရာတွင်   ဆွေးနွေးကျင်းပ ပြုလုပ်ခဲ့သည်။

၎င်းအပြင်  သုတေသနစာတမ်းများ အဖြစ် ရောဂါဗေဒ၊ ကလေးကျန်းမာရေး ပညာ၊ သူနာပြုပညာ၊ ကာယကုဆေးပညာ၊ အရိုးရောဂါကုပညာ၊ ဆေးဝါးဗေဒ၊ ဥပဒေ ရေးရာဆေးပညာ၊  အဏုဇီဝဗေဒ၊  ဆေးပညာ၊ သွားဆေးကုပညာ၊ ခန္ဓာဗေဒ၊ ဇီဝကမ္မ ဗေဒ၊  ခွဲစိတ်ပညာ  စသည့်ဘာသာရပ် ဆိုင်ရာ စုစုပေါင်း သုတေသနစာတမ်း ၄၆ စောင်တို့အား Auditorium    ၄ နေရာတွင်  ပါဝင်ဖတ်ကြား တင်သွင်းခဲ့ကြသည်။

ဖော်ပြပါ အစီအစဉ်များအား    တက်ရောက်လာသူများမှ   သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီတို့မှ ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြပြီး ဒုတိယ နေ့အစီအစဉ်များကို ညနေ ၅ နာရီ ၁ဝ မိနစ်တွင်ရပ်နား၍  ဧပြီလ ၇  ရက်နေ့တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။