(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် YMBA ဗုဒ္ဓကလျာဏယု၀ အသင်းကြီး (ရေးမြို့နယ်)မှ စုပေါင်းသွေးလှူဒါန်း

 

နေပြည်တော်၊ ဇန်နဝါရီ - ၄

YMBA ဗုဒ္ဓကလျာဏယုဝအသင်းကြီး(ရေးမြို့နယ်)မှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နယ်မြေခံ တပ်မတော်ဆေးရုံ၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဇော်မင်းအောင် နှင့် အဖွဲ့ဝင်များ၊ တပ်မတော်ဆေးရုံမှ တာဝန်ရှိသူများ၊ YMBA ဗုဒ္ဓကလျာဏ ယုဝအသင်းကြီး(ရေးမြို့နယ်)မှ အသင်းဝင် သွေးလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ့ YMBA ဗုဒ္ဓကလျာဏယုဝအသင်းကြီး(ရေးမြို့နယ်)မှ အသင်းဝင် သွေးလှူရှင်များအား ဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအမျိုးအစား စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးသည်။ ထို့နောက် သွေးလှူရှင်များက သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြရာ ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။

၎င်းနောက့် YMBA ဗုဒ္ဓကလျာဏယုဝအသင်းကြီး(ရေးမြို့နယ်)မှ အသင်းဝင် များက တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။