နေပြည်တော် မတ် ၂၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါ ပိုးတွေ့လူနာ ၂၅ ဦးရှိကြောင်း သိရသည်။
(၂၄-၃-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၅-၃-၂ဝ၂၁) ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၄၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၂၅ ဦး တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၅၃ဝ၄၂၂ ခု အားစစ်ဆေးခဲ့ပြီး COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၂၃၄ဝ ဦးရှိပြီဖြစ်သည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ခုနစ်ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၁၇၈၁ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိသဖြင့် ယနေ့အထိသေဆုံးသူ စုစုပေါင်း၃၂ဝ၅ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။