နေပြည်တော် မေ ၁၉
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၂၈ ဦး တွေ့ရှိရပြီး သေဆုံးသူ ၃ ဦး ရှိကြောင်း သိရသည်။
(၁၈-၅-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၉-၅-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၇၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၈ဦး တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆ဝ၆၃၇၄ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၃၁၅၉ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၁ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၂၁၃၆ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၃၂၁၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။