COVID-19   ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၆
COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19  ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စဝ်စံထွန်း ပြည်သူ့ ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၆ လုံးကို  တပ်မတော် Oxygen Plant  များမှ အောက်ဆီဂျင် များဖြည့်သွင်းပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက သွားရောက် လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။