COVID-19 ရောဂါပိုးတွေ့လူနာသစ်  ၁၅၈ဝ ဦး ထပ်တိုး

နေပြည်တော်  ဇွန်  ၃ဝ

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ်  ၁၅၈ဝ  ဦးနှင့်  သေဆုံးသူ ၁၄ ဦး ရှိကြောင်း သိရသည်။

(၂၉-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၃ဝ-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၉၂၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၅၈ဝ ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၇၃၄၃၂၆  ခုအား  စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း  ၁၅၇၂၇၇ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၄၅၁ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၆၄၄၃ ဦး  ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။

COVID-19 ရောဂါဖြင့်  ထပ်မံသေဆုံးသူ  ၁၄ ဦးရှိသဖြင့်    ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၃၃၃၄ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။