COVID-19 ရောဂါပိုးတွေ့လူနာသစ် ၂ဝ၇ဝ ဦး ထပ်တိုး

နေပြည်တော်  ဇူလိုင်  ၁

ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ်  ၂ဝ၇ဝ  ဦးနှင့် ထပ်မံသေဆုံးသူ ၁၃ ဦးရှိကြောင်း သိရသည်။

(၃ဝ-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁-၇-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၄၅၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၂ဝ၇ဝ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၇၄၃၇၈၃  ခုအား  စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း  ၁၅၉၃၄၇ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၅၄၉ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၆၉၉၂ ဦး  ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်သည်။

COVID-19 ရောဂါဖြင့်  ထပ်မံသေဆုံးသူ  ၁၃ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၃၃၄၇ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။