COVID-19 ရောဂါပိုးတွေ့လူနာသစ် ၅၀၁၄ ဦးထပ်တိုး

COVID-19 ရောဂါပိုးတွေ့လူနာသစ် ၅၀၁၄ ဦးထပ်တိုး

နေပြည်တော်  ဇူလိုင်  ၁၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှု မှုနှင့် ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၅၀၁၄ ဦးနှင့်ထပ်မံသေဆုံးသူ  ၈၉ ဦးရှိကြောင်း သိရသည်။              

(၁၁-၇-၂၀၂၁)ရက် ည ၈ နာရီမှ (၁၂- ၇-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၄၄၃၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၅၀၁၄  ဦးတွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၈၈၁၂၄၆ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၉၇၂၂၇ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ  ၁၇၀၂ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း  ၁၄၈၀၆၀ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ် သည်။ COVID-19 ရောဂါဖြင့် ထပ်မံ သေဆုံးသူ ၈၉  ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း  ၃၉၂၇ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါ ကာကွယ်ရန်အတွက်  ဆောင်ရွက်ရမည့်   လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို  လူတိုင်း၊   မိသားစုတိုင်းမှ   တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက် ကြပါရန် မေတ္တာရပ်ခံပါသည်။

COVID-19 ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏   တရားဝင် အင်တာနက်စာမျက်နှာ    www.mohs.gov.mm   တွင် ဝင်ရောက်ကြည့်ရှုနိုင် ကြောင်း သိရသည်။