COVID-19 ရောဂါပိုးတွေ့လူနာ ၁၃၆ ဦး ထပ်တိုး

နေပြည်တော်  ဇွန်  ၉

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင်  COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍   သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19  ရောဂါပိုးတွေ့ လူနာသစ် ၁၃၆ ဦးနှင့်  သေဆုံးသူ ၅ ဦးရှိကြောင်း သိရသည်။

(၈-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၉-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၄၆  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်  ၁၃၆ ဦး  တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၃၆၇၉၁ ခုအား စစ်ဆေးခဲ့ပြီး  COVID-19    ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၄၇၁၅ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၄ဝ ဦး ဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၁၃၂၆၅၅ ဦး   ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၅ ဦးရှိသဖြင့်  ယနေ့အထိ  သေဆုံးသူ စုစုပေါင်း ၃၂၃၃ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။