COVID-19 ရောဂါပိုးတွေ့လူနာ ၁၃၉ ဦး ထပ်တိုး

နေပြည်တော်   ဇွန်   ၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင်  COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍   သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၁၃၉ ဦးနှင့် သေဆုံးသူ ၂ ဦး ရှိကြောင်း သိရသည်။

(၆-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၇-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း   ၂၂၁၆  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၁၃၉ ဦး  တွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၃၃ဝ၂၃ ခုအား စစ်ဆေးခဲ့ပြီး  COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၄၄၅၆ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၇၃ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၂၅၂၅ ဦး   ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂ ဦးရှိသဖြင့်  ယနေ့အထိ  သေဆုံးသူ စုစုပေါင်း ၃၂၂၇ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  သတင်း ထုတ်ပြန်ထားသည်။