COVID-19 ရောဂါပိုးတွေ့လူနာ ၁၆၁ ဦး ထပ်တိုး

နေပြည်တော် ဇွန် ၁၀

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၁၆၁ ဦးနှင့်  သေဆုံးသူ ၄ ဦးရှိကြောင်း သိရသည်။

(၉-၆-၂၀၂၁)ရက် ည ၈ နာရီမှ (၁၀-၆-၂၀၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၃၄၇  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်  ၁၆၁ ဦး  တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၃၉၁၃၈ ခုအား စစ်ဆေးခဲ့ပြီး  COVID-19  ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၄၄၈၇၆ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၃၅ ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၁၃၂၆၉၀ ဦး   ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၄ ဦးရှိသဖြင့်  ယနေ့အထိ  သေဆုံးသူစုစုပေါင်း ၃၂၃၇ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 (၅၀၀)