နေပြည်တော် မေ ၂၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၂၈ ဦးရှိကြောင်း သိရသည်။
(၂၀-၅-၂၀၂၁)ရက် ည ၈ နာရီမှ (၂၁-၅-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း ၁၃၇၇ ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၂၈ ဦးတွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၀၈၈၃၅ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာစုစု ပေါင်း ၁၄၃၂၁၁ ဦးရှိပြီဖြစ်သည်။ ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၂၁ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၂၁၆၉ ဦး ဆေးရုံ မှဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
(၅၀၀)