COVID-19 ရောဂါပိုးတွေ့လူနာ ၆၄ ဦး ထပ်တိုး

နေပြည်တော်   ဇွန်   ၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍   သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၆၄ ဦးနှင့် သေဆုံးသူ နှစ်ဦး ရှိကြောင်း သိရသည်။

(၅-၆-၂ဝ၂၁)ရက် ည ၈ နာရီမှ (၆-၆-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း   ၁ဝ၇၇  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၆၄ ဦး  တွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၃ဝ၈ဝ၇ ခုအား  စစ်ဆေးခဲ့ပြီး  COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း   ၁၄၄၃၁၇  ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ သုံးဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၂၄၅၂  ဦး   ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။

COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ နှစ်ဦးရှိသဖြင့်  ယနေ့အထိ  သေဆုံးသူ စုစုပေါင်း ၃၂၂၅ ဦး ရှိကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။