COVID-19 ရောဂါပိုးတွေ့ လူနာ ၁၇ ဦး ထပ်တိုး

နေပြည်တော်  မေ  ၂၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင်  COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၁၇ ဦး ရှိကြောင်း သိရသည်။

(၂၁-၅-၂ဝ၂၁)ရက်  ည ၈ နာရီမှ (၂၂-၅-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂၃၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၇ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍   ယနေ့အထိ  ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၁ဝဝ၆၉ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း  ၁၄၃၂၂၈ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ  ၈  ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၂၁၇၇ ဦး   ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။

ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြပါရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ''ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန် အတွက်   ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်''နှင့်'' တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း၊ မိသားစုစီမံချက်''အတိုင်း COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  သတင်း ထုတ်ပြန်ထားသည်။