Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများ ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၁၂

ကမ္ဘာ့ကပ်ရောဂါ Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်စီးဆုံးရှုံးနိုင်သည့် အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ တပ်မတော် သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများအား ဝယ်ယူပေးလျက်ရှိသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ဒေရဲအင်းကျေးရွာရှိ ဒေသခံတောင်သူများ၏စိုက်ခင်းများသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ဂေါ်ရခါးသီး ၁၅၀၀၀ လုံးနှင့် ပန်းဂေါ်ဖီ ၄၀၀၀ ထုပ်အား ဝယ်ယူပေးခဲ့ကြောင်း သတင်း ရရှိသည်။