×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

ပျိုရွယ်သူ မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး ဆွေးနွေး

Wednesday, 23 August 2017 09:40 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား  သြဂုတ်  ၂၂

ကချင်ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ ပျိုရွယ်သူ မျိုးဆက်ပွား ကျန်းမာရေး   အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အေးမြသီတာ ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

ရှေးဦးစွာ ကချင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စန္ဒာကျော်က အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာခေါင်နော်က ပျိုရွယ်သူ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောသည်။ ဆက်လက်၍ အမှတ်(၉၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု ရဲအုပ်ကျော်ဇေယျက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ မူးယစ်တပ်ဖွဲ့စု(၂)မှ ရဲအုပ်ထွန်းထွန်းဝင်းက မူးယစ်ဆေးဝါး အကြောင်းနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များကို လည်းေ ကာင်း ရှင်းလင်းဆွေးနွေး ဟောပြောသည်။

ယင်းနောက်  ကျောင်းသား၊ ကျောင်းသူများက ၁ဝ ယောက်လျှင် တစ်ဖွဲ့နှုန်းဖြင့် အုပ်စုငယ်များအလိုက် ပျိုရွယ်သူမျိုး ဆက်ပွားကျန်းမာရေး ဆိုင်ရာများကို အပြန်အလှန် အသိပညာဖလှယ်၍  ဆွေးနွေးကြကြောင်း သိရသည်။

Read 688 times Last modified on Wednesday, 23 August 2017 09:49