အခန်းဆက်ဝတ္ထုရှည်

နှလုံးသားတို့ လန်းဆန်းရာမြေ

နှလုံးသားတို့ လန်းဆန်းရာမြေ

ယမန်နေ့မှအဆက်

    ကောင်လေးတစ်ယောက် ထပ်ရောက်လာသည်။ ကောင်မလေးရှေ့ စားပွဲတစ်ဖက်မှထိုင်ခုံတွင် မျက်နှာချင်းဆိုင်ထိုင်သည်။ တိုးတိုး တိုးတိုးနှင့် ပြောကြသည်။ ဘာတွေပြောနေကြသည်ကို မသိ။ တော်တော်လေး ကြာတော့ ထိုကောင်လေး ခေါင်းငိုက်စိုက်ကာ ထွက်သွားလေ၏။ ကောင်မလေးကမူ ကျေနပ်သောအပြုံးနှင့် ကျန်ခဲ့၏။

နှလုံးသားတို့ လန်းဆန်းရာမြေ

နှလုံးသားတို့ လန်းဆန်းရာမြေ

ယမန်နေ့မှအဆက်

ငိုရင်း ငိုရင်းမှ ဒေါသအမျက်တို့ ပေါ် ထွက်လာပြန်ချေသည်။ မျက်ရည်များကို သုတ်ရင်းမှ   ဦးမျိုးသန့်၏ စကားသံတို့ကို ကြားယောင်နေမိသည်။

ကြားယောင်နေရင်းမှပင် နာကြည်းခြင်း က ရင်သို့လွှမ်းမိုးလာ၏။ မြက်ခင်းပြင်စိမ်း စိမ်းပေါ်၌   ဦးမျိုးသန့်၏ မျက်နှာအရိပ် ကြီး။ သင်း...သင်းကြောင့်၊ ငါ ငသန့် ရင်ခွင်ထဲ ရောက်သွားရတာ၊ သင်းကြောင့် ငါ မချစ်တဲ့သူရဲ့ လက်ထဲ ရောက်ခဲ့ရတာ။ အသိစိတ်မှာ စကားသံတို့ လှိုက်တက်လာ၏။

နှလုံးသားတို့ လန်းဆန်းရာမြေ

နှလုံးသားတို့ လန်းဆန်းရာမြေ

ယမန်နေ့မှအဆက်

“ကဲပါ အဝင်းရယ်၊ ကို အနားယူချင်ပြီ”

အခေါ်အဝေါ်နာမ်စား ပြောင်းလဲသံနှင့်အတူ ငသန့်၏ လက်နှစ်ဖက်က အဝင်းနောက်မှ သိုင်းဖက် လာလေသည်။

“ကိုတို့ရဲ့ မင်္ဂလာဦးညမှာ မလိုအပ်တဲ့အကြောင်းအရာတွေနဲ့ စိတ် မညစ်ပါရစေနဲ့နော်”

အပြောနှင့်အတူ အဝင်း၏ပခုံးသားတွင် ပူနွေးသောနှုတ်ခမ်းအထိ အတွေ့ကိုရလိုက်၏။   တစ်ကိုယ်လုံး   ရှိန်းခနဲဖြစ်သွားခြင်းနှင့်အတူ ပါးပြင်တွင် မျက်ရည်စတို့ လိမ့်ဆင်းလာသည်။

နှလုံးသားတို့ လန်းဆန်းရာမြေ

နှလုံးသားတို့ လန်းဆန်းရာမြေ

ယမန်နေ့မှအဆက်

“ငါနဲ့ နင့်ကြားက ခလုတ်၊ ဟုတ်တယ်၊ ဒါကို တူးဆွလွှင့်ပစ်ရမယ်”

ငသန့်အား ရွံရှာမုန်းတီးစွာ ကြည့်မိသည်။ တစ်ဖန် အဆွေအမျိုးကင်းမဲ့စွာ တစ်ကိုယ်တည်း ရုန်းကန်၍ ရည်မှန်းချက်တစ်ခုဆီ ဦးတည်နေသော ငနေ၏မျက်နှာ။ တွေးမိခြင်းနှင့်အတူ ရင်ထဲနင့်သွား၏။