အခန်းဆက်ဝတ္ထုရှည်

ငယ်ဘဝ

ယမန်နေ့မှအဆက်

ရွှေတိဂုံသွား ဘုရားဖူးပြန်လာလျှင်လည်း ဖတ်သည်။ မြို့ထဲမှပြန်လာလျှင်လည်း ဖတ်သည်။ ပေးထားသော စာအုပ်များမှာ အားလုံးပေါင်း ၂၂ အုပ်ဖြစ်သည်။

လက်သန်းခန့်သာထူသော စာအုပ်ကလေးများဖြစ်သည်။ တစ်လနီးပါးကြာသောအခါ အားလုံးဖတ်ပြီး သွား သည်။ နောက်ဆုံးစာအုပ်ဖတ်ပြီးချိန်မှာ ဆိုင်ထဲတွင် ဘကြီးရှိနေသည်မို့ ဘကြီးကိုလှမ်းကြည့်ပြီး “ဘကြီး ကျွန်တော်ကျောက်ဆည်ပြန်တော့မယ်...” ဟုပြောလိုက်သည်။

ဘကြီးက သူ့တူကိုလှမ်းကြည့်လိုက်သည်။ ပြောပုံလေသံကို သဘောကျသည်။ သိမ်သိမ်ငယ်ငယ်မဟုတ်။ သေချာအောင်ထပ်မေးလိုက်သည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ထင်သာထင်သည် ဘာမျှမရ။ သို့သော် တစ်ခုတော့ရလိုက်သည်။ စာရေးချင်စိတ်ကို နှိုးဆွပေး လိုက်ခြင်းဖြစ်သည်။ တစ်နှစ်လုံး ဆက်ရေးနေသည်။ နောက်တစ်နှစ်တွင် အလွမ်းဝတ္ထုတိုလေး တစ်ပုဒ်ရေး၍ ပြိုင်ပွဲဝင်၏။

စာနုစာနွဲ့ဖြစ်သည်။ ခေါင်းစဉ်က “ညောင်ရွက်ကြွေ လေတွင်လွင့်ရှာပေါ့” ဟူ၍ဖြစ်သည်။ ဝတ္ထု ဇာတ်အိမ်မခိုင်ပါ။ ဇာတ်လမ်းလည်းမဆန်ပါ။ သို့သော် အနုအနွဲ့စာပန်းချီကိုက်ဆေးသူများ သဘော ကျသည်ထင်ပါ၏။ မောင်ငြိမ်းချမ်း ပထမဆုရသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ဇာတ်လမ်းဆင်ထားသော အချစ်ဝတ္ထုက စိတ်ဝင်စားစရာ၊ စာရေးဆရာပီသစွာ အဓိပ္ပာယ်ရှိသော စာဖြစ်အောင် ကြိုးကြိုးစားစား ရေးထားသည်။တင်ပြပုံကောင်းသည်။

သရဲဝတ္ထုလိုပင်  ဘယာနကရသမြောက်အောင် ရေးထားသည်။ ကြောက်စရာအဖြစ်မြင်အောင် ကြောက်အောင် တင်ပြထားသည်။ သို့သော် စုန်းကဝေ တစ္ဆေ သရဲကဲ့သို့သော ကြောက်စရာမျိုး မဟုတ်၊ ကာလသားရောဂါ၏ ဆိုးကျိုးများကို ကြောက်စရာကောင်းအောင် ရေးထားခြင်းဖြစ်သည်။ ဘယာနကရသကို  ရောက်အောင်ပို့ဆောင်ရာတွင် အခြားသော ရသများလည်း စုံလင်သည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ဆရာမပြောသည့်စကား မောင်ငြိမ်းချမ်း စွဲမြဲစွာ မှတ်မိပါသည်။ ခြောက်တန်းနှစ်ရောက်သောအခါ ကျောင်းပိတ်ရက်တွင် အိမ်ရှေ့ပိတောက်ပင်အောက်မှ ကွပ်ပျစ်ပေါ်မှာ စာဖတ်နေစဉ် လမ်းပေါ်မှာ ဗိုင်းခနဲလဲသံကြားရသည်။ မောင်ငြိမ်းချမ်း အမှတ်မထင်လှမ်းကြည့်လိုက်သောအခါ သူ့အရွယ်ကောင်မလေးနှစ်ယောက် လမ်းပေါ်မှာ စက်ဘီးလဲ၍ ဒူးပေါ်ပေါင်ပေါ်

ဖြစ်နေကြသည်။ မောင်ငြိမ်းချမ်းက မကြားချင်ယောင် မသိချင်ယောင်ဆောင်ပြီး   လက်ထဲမှစာအုပ်ကို သဲသဲမဲမဲ ငုံ့ဖတ်နေသည်။

ဟယ်...ငါ့ဒူးခေါင်းပွန်းသွားပြီ...နာလိုက်တာ...

အငယ်မလေးက ငိုသံပါနှင့်ပြောနေသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ထိုအချိန်တွင်   ကာလသားကြီးတစ်ယောက်က မန္တလေးမှအပြန်မှာ သူ့ဆွေမျိုးများအိမ်မှငှားလာခဲ့သည်ဆိုသော ဝတ္ထုစာအုပ်တစ်အုပ် မောင်ငြိမ်းချမ်းဖတ်ရန်လာပေးသည်။

စာရေးဆရာမင်းအောင်ရေးသားသော  စာပေဗိမာန်ပထမဆုရ  မိုးအောက်မြေပြင်ဝတ္ထုဖြစ်သည်။

ကျေးလက်နေလူတို့၏ ဓလေ့သဘာဝ၊ အဖိနှိပ်ခံကြရသည့် ဘဝနှင့် ကျေးလက်နေရွာသူရွာသားများ တိုးတက်အောင် စေတနာထားပြုပြင်ရန် ကြိုးစားသော စိတ်ကောင်းရှိသူ လူငယ်တစ်ယောက်အကြောင်းဝတ္ထု ဖြစ်သည်။

အချစ်ပါသည်၊ အလွမ်းပါသည်၊ မတရားမှုကို ဆန့်ကျင်တွန်းလှန်ရသည်။  အားတက်ဖွယ်ရာများပါသည်။