အခန်းဆက်ဝတ္ထုရှည်

ငယ်ဘဝ

ယမန်နေ့မှအဆက်

အလှူအဝင်နေ့နှင့်ရှင်လောင်းလှည့်ပွဲ အလှူအဝင်နေ့ရောက်ပြီ။ ဒေါ်လေးတို့အိမ်ရှေ့မှာ နန်းတော်ကြီးတစ်ခု ပေါ်လာသလို မဏ္ဍပ်ကြီးမှာ ရွှေရောင်တောက်နေသည်။ ရွာသားတို့ လုပ်အားပေးပြီး ဆောက်ထားသည့် မဏ္ဍပ်အကြမ်းကို ပန်းချီဆရာက သူ၏ ရွှေရောင်ပန်းချီကား ချပ်များနှင့် အလှဆင်လိုက်ခြင်းဖြစ်သည်။ မဏ္ဍပ်ဘေးတွင် ထမင်းကျွေးရုံနှစ်ရုံရှိသည်။ ချက်ကြပြုတ်ကြ၊ လုပ်ကြကိုင်ကြ၊ စားကြသောက်ကြနှင့် စည်ကားနေသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ဖိတ်စာများသည် အဖေကြီးကိုယ်တိုင် မန္တလေးသို့သွားအပ်ခဲ့ခြင်းဖြစ်သည်။ အလှူတွင်ပါရမည်ထင်ပြီး ဝမ်းသာပျော်ရွှင်နေသော မောင်ငြိမ်းချမ်းကို မပြောရက်၍ မပြောခဲ့ခြင်းဖြစ်လိမ့်မည်။ ယနေ့တော့ ပြော သင့်သောအချိန်လည်းကျပြီ။ တိုက်ရိုက်လည်း မပြောချင်၍ ဖိတ်စာအဖတ်ခိုင်းပြီး အသိပေးခြင်း ဖြစ်သည်ဟု မောင်ငြိမ်းချမ်းနားလည်လိုက်ပါသည်။

''ဒီကောင် ဘယ်နှတန်းလဲ...'' လူကြီးတစ်ယောက်က အဖေကြီးကိုမေးသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ကြေးစည်သံကြား၍ ထင်ပါ၏။ ညနေပိုင်းမှာ လှအောင်ရောက်လာသည်။

''ဟေ့ကောင်လှအောင်...ငါလည်း  မြင်းကြီး စီးရတော့မှာပါကွ''

မောင်ငြိမ်းချမ်းက လှအောင်ကိုပြန်ကြွားသည်။ လှအောင် အလှူပြီးကတည်းက လှအောင်ကြွားသမျှ မောင်ငြိမ်းချမ်း နားထောင်ခဲ့ရသည်။ ခုတော့ ကိုယ့်အလှည့်ရောက်ပြီဟု မောင်ငြိမ်းချမ်း ဝမ်းသာနေသည်။

''မြင်းက လန့်တတ်တယ်နော်...လန့်ရင် လိမ့်ကျနေဦးမယ်''

လှအောင်အတွေ့အကြုံ ရှိထားသူအနေနှင့် ပြန်ကြွားရင်း သတိပေးသည်။

''လန့်ရင်မြင်းဇက်ကြိုးကို ငါတင်းတင်း ဆွဲထားမှာပေါ့ကွ''

မောင်ငြိမ်းချမ်းက အားကျမခံပြန်ပြောသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

''အေး...အဲဒါဟုတ်သားပဲ။ မင်းဒေါ်လေးတို့ လှူဖြစ်ရင် ငါ့မြေးကို ထည့်ပေးဖို့ အဖေကြီးပြောပေးမယ်''

အဖေကြီး၏ လေသံမှာ ဝမ်းသာအားရဖြစ်သည်။

အမေကြီးလည်း ဝမ်းသာသွားဟန်တူပါသည်။

''လှူဖြစ်မှာပါ...လှူဖြစ်အောင်...နှမ်းတွေကောင်းပါစေလို့ငါ့မြေးကလည်း ဆုတောင်းပေးပေါ့...''

''ဟုတ်ကဲ့...''

မောင်ငြိမ်းချမ်း ဝမ်းသာသွားသည်။  ရှင်လောင်း ဖြစ်တော့မည်။ မြင်းကြီးစီးရတော့မည် ဟူသော အတွေးနှင့် ပျော်သွားသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်နိပါတ်တော်များ၊ သမိုင်းဆိုင်ရာပုံပြင်များနှင့် မဏိကတ်ဇာတ်လို အခြားသော ပုံပြင်များစွာတို့ကို   အဖေကြီးက ပြောပြသည်။

မောင်ငြိမ်းချမ်းကို အဖေကြီးပုံပြောလျှင် အမေကြီးနှင့် ဦးလေးပါ နားထောင်ကြသည်။

မောင်ငြိမ်းချမ်း ပုံပြင်များကို ပို၍စိတ်ဝင်စားလာသည်။ အိမ်မှာရှိသမျှ စာအုပ်များမှာ ပုံပြင်လိုက်ရှာသည်။   လစဉ်ထုတ် အဖေကြီးရလာသည့် ပညာတန်ဆောင်စာအုပ်များမှာ ပုံပြင်ပါသည်ကို တွေ့ရသည်။

ပုံပြင်ရှာဖတ်ရင်းမှ ပညာတန်ဆောင် စာအုပ်များနှင့် ရင်းနှီးလာသည်။ ဖတ်မိလာသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

အမေကြီးပြောလေ့ရှိသော စကားဖြစ်သည်။ ကျွန်တော်တို့တောရွာတွင် ညပိုင်းကျမှ မမျှော်လင့်ဘဲ ဧည့်သည်လာလျှင် ထမင်းဟင်းပြန်ချက်ရသည် မရှိပါ။ ကျွေးလောက်အောင် ကျန်ပါသည်။ ကိုယ့်အိမ်မှာ ပြည့်ပြည့်စုံစုံ မကျန်လျှင် ဟိုအိမ်သည်အိမ် လိုက်တောင်းပါက ကျွေးနိုင်အောင်ရပါသည်။ ထိုအတွက် သန့်သန့်ရှင်းရှင်းချန်ရန် အမေကြီးက ပြောခြင်းဖြစ်သည်။

စောင်သည်ဆိုသည်မှာ    ကျေးတောရွာများမှ ချည်စောင်များ လာရောင်းသူများဖြစ်သည်။ သူတို့မှာ ထမင်းချက်စားရန် အိုးခွက်မပါ။ ရွာမှဝယ်စားရန်လည်း ဆိုင်မရှိ။

''ထမင်းကျန် ဟင်းကျန်ရှိရင်ပေးကြပါ...''

ငယ်ဘဝ

ယမန်နေ့မှအဆက်

အဖေကြီး၏ စာသင်ကျောင်း

အမေရှိရာပထွေးအိမ်သို့ မောင်ငြိမ်းချမ်းမသွားရတော့ပါ။ အဖေကြီး၊ အမေကြီး၊ ဦးလေးတို့နှင့် အတူ နေရသည်။ နေ့စဉ်ကျောင်းအစောဆုံးရောက်သူဖြစ် သွားပြန်သည်။

အဖေကြီးကျောင်းမှာ အတန်းစာသာမက ဘာသာ တရား၏အဆုံးအမများကိုပါ   ကလေးများလိမ္မာ ယဉ်ကျေး အောင် သင်ပေးသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

မောင်ငြိမ်းချမ်းမှာ ဝယ်စရာပိုက်ဆံမရှိ။

ခါတိုင်းလိုဆိုလျှင် အမေ့ဆီမှာ ပိုက်ဆံတောင်းနိုင်သည်။ သူများအရင် မောင်ငြိမ်းချမ်းလက်မှာ ရောင်စုံဘောလုံး ရောက်နေလိမ့်မည်။ ခုတော့ အမေကမရှိ။

ငယ်ဘဝ

ယမန်နေ့မှအဆက်

အမေက သားသမီးများကို မငိုရန် နှစ်သိမ့်အားပေးသည်။ မောင်ငြိမ်းချမ်းနှင့် နှမလေးကို အိမ်အပေါ်ထပ် သွပ်ပြန့်မိုးထားသော အခန်းထဲမှာ အိပ်ရာခင်းပေးပြီး အိပ်စေသည်။ အငယ်လေးကိုတော့ သူနှင့်အတူအိပ်ရန် ခေါ်သွားသည်။

ပထွေးဖြစ်သူက    ဘာမျှပြောခြင်း၊ ဆိုခြင်းမရှိ၍ မောင်ငြိမ်းချမ်း စိတ်အေး သက်သာဖြစ်ရသည်။ ထမင်း မစားရသေးသည်ကို မေ့သွားသည်။ ဆာသောစိတ်လည်းမရှိတော့ပါ။

သူများအိမ်ဖြစ်သည်ဟူသော အသိဖြင့် စိုးရွံ့အားငယ်စွာ မောင်နှမနှစ်ယောက် အိပ်ပျော်သွားခဲ့ကြပါသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

''အမေကြီး...အမေရော''

မောင်ငြိမ်းချမ်း အမေကြီးနား သွားမေးသည်။

''မသိဘူး...''

အမေကြီးဖြေပုံက မာသည်၊ ပြတ်သည်။ ဘာမျှလည်း ဆက်ပြောခြင်းမရှိ။ ခါတိုင်းတွေ့နေကျ  အမေကြီးနှင့် မတူသလိုဖြစ်နေသည်။

''ထမင်းဆာတယ် အမေကြီး ထမင်းကျွေးပါ..''

မောင်ငြိမ်းချမ်းက အမေကြီး ထမင်းကျွေးရန် ပြောသည်။

''မကျွေးနိုင်ဘူး...မင်းတို့အမေကျွေးခိုင်း...''

အမေကြီးပြောသည်က ဒေါသနှင့်

''အမေက ဘယ်သွားမှန်းမသိဘူး အမေကြီး...''

''အေး....အခုသိရမယ်...မစောရီ...လာပါဦး...''