အခန်းဆက်ဝတ္ထုရှည်

မုန်း၍မဟူ

ယမန်နေ့မှအဆက်

မောင်မြသည် ပြင်ဆင်ပေးပြီး ရှောင်ထွက်သွားလေသည်။ ဝေသည် ညောင်စောင်းပေါ်၌ အသာကလေး လဲလျောင်းလိုက်ကာ ဆရာဝန့်လက်မှ အပ်ချောင်းကို လှမ်းစိုက်ကြည့်နေလေသည်။ ဆေးထိုးခါနီးတိုင်း ဝေ့ရင်မှာ ခုန်နေကျ။ အကြောအခြင်များလည်းဖျဉ်းတင်းတင်း၊ ကျဉ်တင်တင်ဖြစ်လာသည်။ဆရာဝန်သည် တဟဲဟဲရယ်လျက် စကားရောဖောရောဖြင့် ဝေ့နားသို့လျှောက်လာသည်။ ဝေသည်ကိုယ်ကိုစောင်းပေး လိုက်ကာ မျက်စိကိုစုံမှိတ်လိုက်လေ၏။

သည်တစ်ကြိမ်အနာဆုံးပဲဟု ဝေ့စိတ်ထဲတွင် ထင်မှတ်လိုက်သည်။ အားကို တင်းခံသော်လည်း ခြေထောက် တွေ တဆတ်ဆတ်တုန်နေကာ ပါးစပ်မှာ ရွဲ့သွားလေ၏။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဝေသည်  မှန်ဘက်သို့ လှည့်လိုက်ကာ သွားပွတ်တံဖြင့် မျက်ခုံးကို ပွတ်ခြစ်ပြီးနောက် တစ်အောင့် ရပ်နားကာ အသက်ကို မှန်မှန်ရှူလျက် အမောဖြေနေလေသည်။ ပြီးမှ လုပ်ရိုးလုပ်စဉ်အတိုင်းပင် လက်ခုပ်ထဲမှ ကိုယ်လူးပေါင်ဒါမှုန့်များဖြင့် ကိုယ်တွင်းသို့ လောင်းလျက်ပွတ်လူးလိုက်ရာ မွှေးကြိုင်သောရနံ့ဖြင့် အမောပြေရာ ရလေသည်။

ဝေသည် စိတ်ရှိသလောက် လူကမလိုက်နိုင်ဘဲ ဖြည်းဖြည်းသာသာ လှုပ်ရှားသည်ပင် မောလာလေသည်။

မောလာ၍ နားနားနေနေအဝတ်လဲရသည်။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

မှောင်ရီစ ပြုလာလေပြီ။ ဝေသည် အနားမှ ခြေသံမကြား ထသွားလျက် အိမ်ထဲတွင် ခြေသံမကြား တလှုပ်လှုပ် တရွေ့ရွေ့သွားလာနေ၏။ အချိန်ကျ၍ စားပွဲခုံတွင် တစ်ယောက်တည်း သွားထိုင်ကာ သူ့ပန်းကန်နှင့်သူ ကြက်စွပ်ပြုတ်ကို တစ်ဇွန်း၊ နှစ်ဇွန်း သွားသောက်သည်။ ပေါင်မုန့်ကလေး တစ်ဖဲ့၊ နှစ်ဖဲ့စားသည်။ကြက်ဥဟပ်ဘွိုင်ကို     တို့ကနန်းဆိတ်ကနန်း မြည်းလျက်စားသောက်ပြီး ခြေသံမကြား အိမ်ပေါ်သို့တက်သွားလေ၏။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဝေသည် ပြောပြီး မျက်လွှာချလိုက်ကာ ငြိမ်သက်စွာပင် ရင်ထဲမှခုန်နေသံကို ပြန်နားစိုက်နေလေသည်။

ဝေ့အသံမှာ ဝမ်းနည်းသံလေး အဖျားခတ်သွားရာ ဦးစောဟန်မှာ မျက်နှာပျက်သွားလျက် ဝေ့ရှေ့၌ လာရပ်လိုက်သည်။

''ဝေ  ဘယ်လိုပြောတာလဲ၊ ဆရာဝန်နဲ့ကုနေတာမကြိုက်လို့လားဟင်''

မုန်း၍မဟူ

ယမန်နေ့မှအဆက်

“ဦးလေး၊ ဝေဝေူ ပြန်တော့မယ်” ဦးလေးဘိုးမြိုင်မှာ  ဒေါ်သက်ထံမှ ကြားရသိရ၍ အဓိပ္ပာယ် နားလည် ရှင်းလင်းသွားသည့် မျက်စိမျက်နှာဖြင့် “ကလေး ပြန်တော့မယ်လား၊ အေး...အေးပြန်”ဟု သူ့အသံကို သူထိန်း၍ ပြောနေသည်။

ဦးလေးဘိုးမြိုင်၏ ထိန်းပြီးပြောလိုက်သောအသံမှာ အသည်းထဲအေးစက်သွား၏။ တစ်ထိုင်ချင်း ပြောင်းလဲ သွားပုံများမှာ ရင်ထဲကို ဟာသွားလေ၏။ “ငါ့အကြောင်း ဦးလေးဘိုးမြိုင်သိသွားပြီ” ဟု ရင်ခေါင်းထဲ ဆို့တို့ တို့ဖြင့် မျက်နှာမထားတတ်သလောက် တင်းကျပ်သွားလေ၏။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ကိုနေဦးမှာ တပ်မတော်နှင့်အထက်သို့ ပါသွားကြောင်း သာသိကြရကာ ဘယ်ရောက်နေမှန်း မသိရပေ။ အိမ်ရှေ့ခန်း၌ လူဝင်လာသံကြား၍ ကြီးတော်သက် ထွက်ကြည့်ပြီး ''ဘိုးမြိုင်၊ မင်းနှယ်ကွယ် ပျောက်ချက်သား ကောင်းလိုက်တာ၊ ပြန်လာသေးသကိုး''ဟု အံ့သြစွာ အော်ပြောလိုက်လေသည်။

ဝေသည် နေရာမှရုတ်တရက်ထလိုက်ကာ ''ဦးလေးဘိုးမြိုင်'' ဟုတလျက် အပြင်ခန်းသို့ ထွက်လာလေသည်။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဝေ စားပုံသောက်ပုံများကိုလည်း မျက်စိထဲ မြင်နေလေသည်။ ဝေနေပုံထိုင်ပုံများကို မျက်စိထဲ မြင်နေလေသည်။ စားပွဲခုံအစွန်းတွင် သူ့ပန်းကန်၊ သူ့ဇွန်းနှင့် သူ့အစားအစာက သက်သက်၊ ဆေးသောက်ခြင်းလည်း ခဏ ခဏ၊ ဒါတွေကို ဝေက မမှု။ ဦးစောဟန်၏ ဇယားအတိုင်း နံနက်တစ်မျိုး၊ ညနေတစ်မျိုး ဝတ်စားဖြီးလိမ်းခြင်း မပျက်၊ ညည်းညူခြင်းမရှိဘဲ စိတ်ရှည် လက်ရှည်ကြံ့ကြံ့ခံနိုင်နေသည်။

ဦးစောဟန်၏ ယုယဂရုစိုက်ခြင်းမှာ ကမ်းကုန်နေသဖြင့် ထားထားမှာ ဘေးကနေ စိတ်အိုက်အိုက်ဖြင့် ပင့်သက်ချမိသည်။

မုန်း၍မဟူ

 

ယမန်နေ့မှအဆက်

ဝေသည် စဉ်းစားနေသည်။   စဉ်းစားနေပုံမှာ လေးလေးနက်နက် မဟုတ်လှ။ ဖျတ်ခနဲ စဉ်းစားသည့် အမူအရာသာလျှင်ရှိကာ ခပ်သွက်သွက်ပြန်ပြောသည်။

''ဆရာဝန်က ရန်ကုန်လည်း ဒီရောဂါ ဒီဆေးမျိုးပဲ ကုတာပဲ၊ မထူးပါဘူးတဲ့။ ဒီမှာ သူရှိတော့ အချိန်မရွေး နေ့ညမပြတ် လာကြည့်နိုင်တယ်။  ဂရုစိုက်ကုပေးနိုင်တယ်လို့ ပြောတယ်။ အခုသွေးမပါတော့  သက်သာတယ်လို့ ယူဆရမှာပေါ့။ ဆေးရုံတော့ မတက်ချင်ပါ ဘူး။ ဒီမှာပဲ ကုမယ်လေ''

''ဆရာဝန်တော့ နင်တို့အိမ်လာရလွန်းလို့ မြောင်း ပေါက်မှာပဲ''ဟု ထားထားက ပြောပြီးရယ်သည်။