အခန်းဆက်ဝတ္ထုရှည်

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

ပထမနေ့တွင် ရက်မတစ်ချောင်း အားသွင်းပြီးသွားသည်။ နောက်တစ်နေ့တွင် ဒုတိယရက်မကို အားသွင်းပြန်သည်။ နောက်နှစ်ရက်ကြာလျှင် ယင်းတို့ကို နေရာရွှေ့ရမည်။

“ရက်မလောင်းတဲ့နေရာက တစ်နေရာ။ ပြီးတော့တစ်နေရာကိုရွှေ့ရမယ်။ ဒီနေရာမှာ ထပ်ပြီး နောက်ထပ်ပုံလောင်းရဦးမယ်”

“အင်း၊ ပညာတော့ တိုးပါ့ဗျာ”ဗိုလ်ကြီးဘကြူးက ခေါင်းတဆတ်ဆတ်နှင့်ပြောသည်။

“ရွှေ့တာမှာ အရေးအကြီးဆုံးပဲ။ ရွှေ့ပြောင်းဖို့အတွက် ပစ္စည်းကိရိယာတွေ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ဆင်ရတယ်။ အားလုံးတွက်ချက်ပြီး ဌာနချုပ်မှာ ပုံစံထုတ်လိုက်တယ်။ ဒီပုံစံအတိုင်းပဲ ခင်ဗျ”