အခန်းဆက်ဝတ္ထုရှည်

မုန်း၍မဟူ   (၁၀-၅-၂၀၂၁)

ယမန်နေ့မှအဆက်

သူ့အိမ်သို့   အဝင်ရ၊  အထွက်ရခက်သဖြင့်   ဘယ်ဆွေမျိုးမှ  အဝင်၊  အထွက်မလုပ်ရဲကြ၍ ဆွေမျိုးများကိုသတိရဟန်၊ အောက်မေ့ဟန်တူရဲ့ဟု   စာဖတ်ပြီး  စိတ်မကောင်း ဖြစ်ရသေးသည်။

အိမ်ထဲတွင် ဘယ်မှမသွားရဘဲ လူမမာကြီးအဖြစ်နှင့် ခြောက်ကပ်နေမည့်ဘဝကို အကဲခတ်မိလျက် မိမိလာသည့်အတွက်   ဝေဘယ်လောက်များဝမ်းသာလိမ့်မလဲဟု  တွေးကြည့်၍   ရင်ထဲ၌လှိုက်ဖိုလာသည်။

ဘိုကလေးသို့ သင်္ဘောဆိုက်ကပ်သည့်အခါ မိုးပင်မလင်းသေးချေ။ ထားထားမှာ မော်လမြိုင်ကျွန်းရောက်ခါနီးပြီဟု ဝမ်းသာအားရဖြစ်နေပေသည်။

မုန်း၍မဟူ   (၉-၅-၂၀၂၁)

ယမန်နေ့မှအဆက်

''ကို့ကိုမပြောရက်လို့ တစ်နေ့လုံး မျိုသိပ်နေရတယ်၊ ဝေလေ  မနက်က ချောင်းဆိုးလိုက်တာ  သွေးပါလာတယ်''

''သွေးပါလာတယ်...သွေးပါလာတယ်...''

ဦးစောဟန်၏အသံမှာ    အံ့သြကြီးစွာဖြင့် ထိတ်လန့်စွာ တုန်သောအသံ...။  ဝေသည် 

ထိုအသံထဲတွင်နစ်မြုပ်သွားလေ၏။ ထိုအသံထဲတွင်   သူ့ကိုယ်ရောစိတ်ရော   မြှုပ်နှံပစ်လိုက်ရသလိုပင်။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဝေမှာ ရောဂါတွေးလိုက်၊ ကို့တွေးလိုက်ဖြင့် ဘယ်ဘက်ကမှ မချမ်းသာပေ။ ကုသလို့ ပျောက်ပါ့မလား ဟူသောအတွေးကို ကြာရှည်စွာတွေးမနေရတော့ပေ။

ဖြစ်ချင်ရာဖြစ် စိတ်လျှော့ခြင်းဖြင့် အတွေးရပ်လိုက်သည်။

ဝေသည် ဗြောင်းဆန်အောင် စိတ်လှုပ်ရှားနေပြီးနောက် သိပ်ကိုစိတ်ထိခိုက်လာသည်။ စိတ်ထိခိုက်လွန်း၍ စိတ်ကိုမထိန်းနိုင်အောင် လွတ်နေသည့်အဆုံးတွင်  သက်သာမှုမှီတွယ်စရာလေးတစ်ခု ရှာရသွားလေ၏။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဝေသည်အသံထွက်အောင်ရယ်လေ၏။ ကို၏ အချစ်ရောင်လျှမ်းနေသောမျက်လုံးများကို ရွှင်လန်းစွာရယ် ပြုံးကြည့်ရင်း ''ကိုရေ၊ မနက်စာစားကြစို့နော်'' ဟုဆိုလိုက်သည်။

ကိုသည် ဝေ့ကိုဖက်လျက်အိမ်ထဲသို့ ခေါ်သွင်းလာသည်။ ဝေ့ရင်မှာခုန်နေလိုက်၊ ရပ်သွားလိုက် မြန်ချည်တစ်လှည့်၊ လေးလေးတစ်လှည့်ခုန်ချင်သလို ခုန်နေလေသည်။

လက်ဖက်ရည်စားပွဲတွင် သူထိုင်နေကျနေရာကိုပင် ယောင်မှားလျက်တလွဲထိုင်မိသည်။ ကိုကမှားထိုင်တာ မြင်ဟန်သိဟန်မရှိ၊ ဝေရွှင်ပျနေတာ ရင်ထဲချမ်းသာလှ သဖြင့် စည်းတွေကမ်းတွေကို မေ့နေဟန်ရှိသည်။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဝေသည် မျက်လုံးကလေးပြူးသွားကာ စိုးရိမ်ကြီးစွာဖြင့် ''အစ်ကိုကြီး ဒီစကားတွေ ဟိုလျှောက် ဒီလျှောက် ပြောမနေနဲ့ အဖမ်းခံရမယ်၊ တော်...တော်''ဟု ဆိုလိုက်သည်။      

ကိုနေဦးမှာ အသံခပ်အုပ်အုပ် ရယ်လိုက်ကာ''ဘယ့်နှယ် ဘိုကော အိပ်ရာက မထသေးဘူးလား''ဟု မေးသည်။

''ထပြီလား မသိဘူး၊ ဒါထက် မေမေ့ဆီကို ဆန်ပို့ပြီးပြီလား''

''ပို့လိုက်ပြီ၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ နင် မယ်အေးနဲ့ ပေးခိုင်းလိုက်တဲ့ငွေ သုံးဆယ်နဲ့ ပေါင်း ငွေက ရှစ်ဆယ်ကျပ် တင်ပို့လိုက်တယ်''

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ကို ဂရုစိုက်ပုံ၊  ဆေးတိုက်ပုံ၊  အစာကျွေးပုံများမှာ ထပ်နေသဖြင့် စောစောပိုင်းလောက် မဖတ်ရတော့ပေ။ 

ထားထားမှာ     ကလေးပျက်သွားသည် သိကတည်းက ဝေ့အတွက် စိတ်မကောင်းဖြစ်မိသည်။ ဝေ၌  အဖော်ရှိစေချင်သည်။ ဝေ့ဘဝကို စိုပြည်လာနိုင်စရာရှာလျှင် ထားထားမှာ ကလေးသာလျှင် စဉ်းစားမိသည်။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဝေမှာ  ပျော့နေလေသည်။  အသက်ဖုတ်လှိုက်ဖုတ်လှိုက် ရှူကာမောနေ၏။ ခေါင်းရင်းမီးတိုင်မှ မီးရောင်ဖျော့ဖျော့သည် ဝေ့မျက်နှာတစ်ခြမ်းကို အရောင်လွှမ်းထားသည်။ 

ဆံပင်များ ဖွာကြဲကာ မျက်နှာပေါ်သို့ အုပ်ကျနေသော  ဆရာဝန်သည်  သက်ပြင်းကြီးများ ချလိုက်ကာ ဦးစောဟန်ကို လှမ်းကြည့်လိုက်သည်။ ဦးစောဟန်မှာ  အသည်းတဖိုဖိုနှင့် ဆရာဝန်ကို စိုးရွံ့စွာကြည့်လိုက်သည်။

''ကိစ္စမရှိပါဘူး၊ စိတ်ချရပါပြီ''

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဝေသည် လေတိုက်ကြမ်း၍ အတော်အေးလာသည်ကို သတိထားမိကာ''ပြန်စို့ ကိုရယ်...မိုးချုပ်တော့မယ်''ဟုပြောလိုက်သည်။

ကိုသည်  ဝေ၏ပခုံးကိုဆွဲလှည့်လျက်   ဝင်လုဆဲနေရောင်ထဲ၌    ဝေ့မျက်နှာကို ကြည့်လိုက်သည်။

ဝေ၏မျက်နှာမှာ     ဖြူရော်ရော်ဖြစ်နေသလားဟု အောက်မေ့ရသည်။ ဟိုစဉ်ကလို   နီနီတွေးတွေး သွေးရောင်များ မဖြန်းတော့။ နားထင်ရိုးကလေးများ ပေါ်နေပြီး မျက်နှာသွယ်ကျနေ၏။   မျက်ကွင်းမှာ  ညိုနေကာ မျက်လုံးအကြည့်သည် စိမ်းလဲ့လဲ့ခပ်မှေးမှေးတွေ့ရသည်။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

“ဝေ နေ့ခင်းဘက်က အိပ်ပျော်ရဲ့လားဟင်”

ဦးစောဟန်သည် အလုပ်ကပြန်တိုင်း နေ့လယ် အိပ်၊ မအိပ်မျက်နှာကိုကြည့်ပြီး မေးတတ်သည်။ မျက်လုံး ကလေးအစ်မို့လျက် မျက်နှာလေးလန်းနေမှ အိပ်တာကိုစိတ်ချသည်။

“အိပ်တာပဲ၊ အိပ်လို့မပျော်ဘူး ကိုရယ်၊ အိပ်လို့မပျော်တာနဲ့ ကြီးတော်သက်လာတော့ အောက်ဆင်းပြီး စကားပြောနေတယ်”