အခန်းဆက်ဝတ္ထုရှည်

မင်းရေးကြွယ်ကြွယ်

ယမန်နေ့မှအဆက်

ကမ္ဘာမကြေကိုအားပါးတရ ဟစ်အော်သီဆိုခဲ့ကြသည်။ စည်တော်ကိုမြိုင်မြိုင်ကြီးရွှမ်းပြီး တစ်ထီးတစ်နန်းဖြင့် သမ္မတနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့ကြသည်။

သို့ရာတွင် ထိုလွတ်လပ်ရေးကြီးနှင့်အတူ ဖွားဖက်တော်အဖြစ် ပါလာသည်က ပြည်တွင်းဆူပူ သောင်းကျန်းမှုကြီး။ ရောင်စုံသူပုန်တို့က တစ်စခန်းထလိုက်ကြသည်။

ကျွန်တော်တို့သည် သမိုင်းက သွန်သင်ပြသခဲ့သည့် ဖြစ်ရပ်တို့မှ သင်ခန်းစာတို့ကို မနာယူတတ်ကြသေးပါကလား။

မင်းရေးကြွယ်ကြွယ်

မင်းရေးကြွယ်ကြွယ်

ယမန်နေ့မှအဆက်

ထို့ကြောင့်   လေယာဉ်တွင် ပါလာကြသည်က     ကျွန်တော်နှင့် ကျွန်တော်၏အိမ်သားများ။ ကျွန်တော်၏ အိမ်သားများဆိုတော့ ကျွန်တော်၏ ရဲဘော်တပ်ကြပ်သာဒွန်း  (ယခု  ဖောင်ကြီးကျောင်းတွင်  အမှုထမ်း)၊  သူ့ဇနီး  ပြီးတော့  သူတို့ရဲ့ဒါဇင်ဝက်ကျော်ကျော်ရှိ သားများ   ပုစုခရု မွေးထားလိုက်ကြသည်ကလည်း သားယောကျ်ား ကလေးတွေချည်းဖြစ်သည်။ ပြီးတော့  ရဲဘော်ထွန်းလှ။ ပြီးတော့ ကျွန်တော်၏မွေးစားသား ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသမှ ကန်ဆာလူမျိုး ဇန်ယော။  ပြီးတော့  ခွေးနှစ်ကောင်၊ မိချောနှင့်ငနီ။

မင်းရေးကြွယ်ကြွယ်

ခေမာရဋ္ဌတုံကပူရီသို့

ဗမာ့လေတပ်တော်မှ ဒါကိုတာလေယာဉ်ကြီးသည် ပေခုနစ်ထောင်ကျော် ရှစ်ထောင်ခန့်အမြင့်မှ ပျံသန်း လာနေသည်။ သူ့စက်သံကြီးက ငွေမောင်းကြီးတစ်လုံးကို အဆက်မပြတ် တရစပ်ထုနှက်နေရာမှပေါ်ထွက် လာနေတဲ့ အသံကြီးလို တဝီဝီ၊ တဒီဒီဖြင့်...။

ကျွန်တော်သည် ထိုလေယာဉ်ကြီးထဲတွင် ဟိုကြည့်သည်ကြည့်ဖြင့် လိုက်ပါလာခဲ့သည်။ ပျင်းသည်လည်းမဟုတ်၊ မပျင်းဘူးလည်းမဟုတ်။ ဘာများပျင်းစရာ၊ မပျင်းစရာအကြောင်းကရှိလို့ပါလဲ။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

စိတ်အဆင်းရဲဆုံးနေ့ ...။

ဖေဖေ့ မျက်နှာကလေး မြင်ချင်လိုက်တာ ...။

ရင်သွေးလောင်းလေးရယ် ဝဋ်ကျွတ်သွားပြီ ...။

သြော် ... ငါ့ဘဝ။

အချစ်သည် နာကျင်လှပါတကား ...။

မမထားနှင့် ပူးကပ်ပြီး အိပ်လိုက်ရသည်။

... စသည်တို့ကား   မှတ်စဉ်အချို့ဖြစ်၏။

သည်စာအုပ်မှာ   သူ၏ အလျှို့ဝှက်ဆုံး ပစ္စည်းဖြစ်၏။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

မယ်အေး၏  ငိုလာသော မျက်နှာကြီးမှာ သိသာထင်ရှားလွန်း၍ မယ်အေးအနားသို့ နှလုံးတုန်တုန်ဖြင့်ဆက်လျှောက်သွားကာ မယ်အေးကို စေ့စေ့ကြည့်လျက်''ဘာဖြစ်လို့လဲ''ဟု မေးလိုက်သည်။ မယ်အေးမှာ ဝေ့ကိုမျက်တောင်မခတ် မျက်လုံးကြီးပြူးလျက် ပြောရန်ထစ်အနေ၏။

''ပြောစမ်း''

ဝေ့လေသံမှာ တုန်ယင်နေလေရာ မယ်အေးမှာ ပြောသင့်၊ မပြောသင့်  ချိန်နေရာက သိစေချင်သည့်စိတ်က ပိုများလာကာ မအောင့်နိုင်လွန်း၍ ဝေ့နားသို့ တိုးတိုးကပ်ပြောလိုက်သည်။   

မုန်း၍မဟူ

ယမန်နေ့မှအဆက်

မောင်မြသည် ပြင်ဆင်ပေးပြီး ရှောင်ထွက်သွားလေသည်။ ဝေသည် ညောင်စောင်းပေါ်၌ အသာကလေး လဲလျောင်းလိုက်ကာ ဆရာဝန့်လက်မှ အပ်ချောင်းကို လှမ်းစိုက်ကြည့်နေလေသည်။ ဆေးထိုးခါနီးတိုင်း ဝေ့ရင်မှာ ခုန်နေကျ။ အကြောအခြင်များလည်းဖျဉ်းတင်းတင်း၊ ကျဉ်တင်တင်ဖြစ်လာသည်။ဆရာဝန်သည် တဟဲဟဲရယ်လျက် စကားရောဖောရောဖြင့် ဝေ့နားသို့လျှောက်လာသည်။ ဝေသည်ကိုယ်ကိုစောင်းပေး လိုက်ကာ မျက်စိကိုစုံမှိတ်လိုက်လေ၏။

သည်တစ်ကြိမ်အနာဆုံးပဲဟု ဝေ့စိတ်ထဲတွင် ထင်မှတ်လိုက်သည်။ အားကို တင်းခံသော်လည်း ခြေထောက် တွေ တဆတ်ဆတ်တုန်နေကာ ပါးစပ်မှာ ရွဲ့သွားလေ၏။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဝေသည်  မှန်ဘက်သို့ လှည့်လိုက်ကာ သွားပွတ်တံဖြင့် မျက်ခုံးကို ပွတ်ခြစ်ပြီးနောက် တစ်အောင့် ရပ်နားကာ အသက်ကို မှန်မှန်ရှူလျက် အမောဖြေနေလေသည်။ ပြီးမှ လုပ်ရိုးလုပ်စဉ်အတိုင်းပင် လက်ခုပ်ထဲမှ ကိုယ်လူးပေါင်ဒါမှုန့်များဖြင့် ကိုယ်တွင်းသို့ လောင်းလျက်ပွတ်လူးလိုက်ရာ မွှေးကြိုင်သောရနံ့ဖြင့် အမောပြေရာ ရလေသည်။

ဝေသည် စိတ်ရှိသလောက် လူကမလိုက်နိုင်ဘဲ ဖြည်းဖြည်းသာသာ လှုပ်ရှားသည်ပင် မောလာလေသည်။

မောလာ၍ နားနားနေနေအဝတ်လဲရသည်။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

မှောင်ရီစ ပြုလာလေပြီ။ ဝေသည် အနားမှ ခြေသံမကြား ထသွားလျက် အိမ်ထဲတွင် ခြေသံမကြား တလှုပ်လှုပ် တရွေ့ရွေ့သွားလာနေ၏။ အချိန်ကျ၍ စားပွဲခုံတွင် တစ်ယောက်တည်း သွားထိုင်ကာ သူ့ပန်းကန်နှင့်သူ ကြက်စွပ်ပြုတ်ကို တစ်ဇွန်း၊ နှစ်ဇွန်း သွားသောက်သည်။ ပေါင်မုန့်ကလေး တစ်ဖဲ့၊ နှစ်ဖဲ့စားသည်။ကြက်ဥဟပ်ဘွိုင်ကို     တို့ကနန်းဆိတ်ကနန်း မြည်းလျက်စားသောက်ပြီး ခြေသံမကြား အိမ်ပေါ်သို့တက်သွားလေ၏။

မုန်း၍မဟူ

ယမန်နေ့မှအဆက်

ဝေသည် ပြောပြီး မျက်လွှာချလိုက်ကာ ငြိမ်သက်စွာပင် ရင်ထဲမှခုန်နေသံကို ပြန်နားစိုက်နေလေသည်။

ဝေ့အသံမှာ ဝမ်းနည်းသံလေး အဖျားခတ်သွားရာ ဦးစောဟန်မှာ မျက်နှာပျက်သွားလျက် ဝေ့ရှေ့၌ လာရပ်လိုက်သည်။

''ဝေ  ဘယ်လိုပြောတာလဲ၊ ဆရာဝန်နဲ့ကုနေတာမကြိုက်လို့လားဟင်''

မုန်း၍မဟူ

ယမန်နေ့မှအဆက်

“ဦးလေး၊ ဝေဝေူ ပြန်တော့မယ်” ဦးလေးဘိုးမြိုင်မှာ  ဒေါ်သက်ထံမှ ကြားရသိရ၍ အဓိပ္ပာယ် နားလည် ရှင်းလင်းသွားသည့် မျက်စိမျက်နှာဖြင့် “ကလေး ပြန်တော့မယ်လား၊ အေး...အေးပြန်”ဟု သူ့အသံကို သူထိန်း၍ ပြောနေသည်။

ဦးလေးဘိုးမြိုင်၏ ထိန်းပြီးပြောလိုက်သောအသံမှာ အသည်းထဲအေးစက်သွား၏။ တစ်ထိုင်ချင်း ပြောင်းလဲ သွားပုံများမှာ ရင်ထဲကို ဟာသွားလေ၏။ “ငါ့အကြောင်း ဦးလေးဘိုးမြိုင်သိသွားပြီ” ဟု ရင်ခေါင်းထဲ ဆို့တို့ တို့ဖြင့် မျက်နှာမထားတတ်သလောက် တင်းကျပ်သွားလေ၏။