တမ္ပဒီပမှသည် ဓညဝတီသို့
ယမန်နေ့မှအဆက်

ယမန်နေ့မှအဆက်
တမ္ပဒီပမှသည် ဓညဝတီသို့
ယမန်နေ့မှအဆက်
သူဌေးချောင်း၏ ရေဆင်းဧရိယာ ၄၄၂ စတုရန်း မိုင်ရှိသည်။ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၂၄၀ လက်မရရှိ သည်။ တစ်နှစ်ပတ်လုံး ရွာသွန်းခဲ့သော မိုးရေချိန်ကြောင့် သူဌေးချောင်းအတွင်းသို့ စီးဝင်သောရေ၏ ထုထည်မှာ ၂၃ ဒသမ ၃၂ သိန်း ဧကပေ ရှိသည်။ ကန်ရေပြည့်ရေလှောင်ပမာဏ ၆ ဒသမ ၉၆ သိန်း ဧကပေ၊ ကန်ရေသေ ရေလှောင်ပမာဏ ၂ ဒသမ ၂၁ သိန်း ဧကပေ ရှိသည်။ ရေလွှဲဥမင်လိုဏ်အတွင်း ရေထုစီးနှုန်းမှာ တစ်စက္ကန့်လျှင် ၆၀၄၆၀ ကုဗပေ ရှိသည်။
ယမန်နေ့မှအဆက်
လွတ်လပ်ရေးအကြိုကာလ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရအဖွဲ့၏ ဆိုရန်တိုဗီလာစီမံကိန်း၊ ဝန်ကြီးချုပ် ဦးနုအစိုးရ၏ ပြည်တော်သာစီမံကိန်းတို့တွင် ရေအားအရင်းအမြစ်များရှာဖွေကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် အစီအမံများ ပါဝင်ခဲ့သည်။
တမ္ပဒီပမှသည် ဓညဝတီသို့
ယမန်နေ့မှအဆက်
ယမန်နေ့မှအဆက်
တမ္ပဒီပမှသည် ဓညဝတီသို့
ယမန်နေ့မှအဆက်
တမ္ပဒီပမှသည် ဓညဝတီသို့
ယမန်နေ့မှအဆက်
မစ္စတာဂါဝတ်နှင့် မစောတို့၏ မင်္ဂလာပွဲသည် ထိုခေတ်က အကြီးကျယ်အခမ်းနားဆုံးဟု ဆို၏။ တာဝန် ပြီးဆုံး၍ မစ္စတာဂါဝတ် အင်္ဂလန်သို့ ပြန်ရသောအခါ မစောလည်း လိုက်ပါသွားသည်။ သားနှစ်ယောက် ထွန်းကားပြီးနောက် မစော အဆုတ်နာရောဂါရသဖြင့် ဂွမြို့သို့ပြန်လာရာ မစ္စတာဂါဝတ်လည်း လိုက်ပါလာသည်။
တမ္ပဒီပမှသည် ဓညဝတီသို့
ယမန်နေ့မှအဆက်
ညဦးပိုင်းက မိုးဖွဲဖွဲကျသော်လည်း နံနက်ခင်းပိုင်းတွင် စဲသွားသည်။ နံနက်စာအတွက် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်ကြသည်။ ဆိုင်နာမည်က ပြည်တော်ဟိန်း၊ ဆိုင်နံရံတွင် ဗီနိုင်းဖြင့် ကပ်ထားသော စားသောက်ဖွယ်ဈေးနှုန်းအညွှန်းအရ လက်ဖက်ရည်နှင့် ကော်ဖီက တစ်ခွက်လျှင် ငွေကျပ် ၃၀၀ သာရှိသည်။
တမ္ပဒီပမှသည် ဓညဝတီသို့
ယမန်နေ့မှအဆက်
တမ္ပဒီပမှသည် ဓညဝတီသို့
ယမန်နေ့မှအဆက်
မြို့လယ်လမ်းမကြီးနှင့် ဦးတိုက်ဆုံသည့်နေရာတွင်ကားကို ဘယ်ဘက်သို့ကွေ့ကာ လမ်းဘေးချရပ်လိုက် ပြီး ကားပေါ်မှဆင်းကြသည်။ ဂွမြို့၏ အဓိကလမ်းမကြီးပေါ်တွင် ယာဉ်၊ လူ ရှုပ်ရှုပ်ထွေးထွေး၊ ဆူဆူညံညံ သိပ်မရှိ။ အေးချမ်းဆိတ်ငြိမ်သည့်မြို့ဟု သုံးသပ်ရ၏။
လမ်းဘေးတွင် အမျိုးသမီးတစ်ယောက် ဆန်ကော လေးချပြီး ငါးရောင်းနေသည်။ အမျိုးသမီး တစ်ယောက် ငါးဝယ်နေ၏။ ငါးသည်နှင့် ငါးဝယ်သူတို့ ပြောနေသည့် စကားသံတွေက ရခိုင်သံမပေါက်။ ဗမာသံဖြစ်၏။