မုန်း၍မဟူ
Submitted by admin_webportal on Sat, 05/08/2021 - 12:03ယမန်နေ့မှအဆက်
ဝေမှာ ရောဂါတွေးလိုက်၊ ကို့တွေးလိုက်ဖြင့် ဘယ်ဘက်ကမှ မချမ်းသာပေ။ ကုသလို့ ပျောက်ပါ့မလား ဟူသောအတွေးကို ကြာရှည်စွာတွေးမနေရတော့ပေ။
ဖြစ်ချင်ရာဖြစ် စိတ်လျှော့ခြင်းဖြင့် အတွေးရပ်လိုက်သည်။
ဝေသည် ဗြောင်းဆန်အောင် စိတ်လှုပ်ရှားနေပြီးနောက် သိပ်ကိုစိတ်ထိခိုက်လာသည်။ စိတ်ထိခိုက်လွန်း၍ စိတ်ကိုမထိန်းနိုင်အောင် လွတ်နေသည့်အဆုံးတွင် သက်သာမှုမှီတွယ်စရာလေးတစ်ခု ရှာရသွားလေ၏။








