ငယ်ဘဝ
Submitted by admin_webportal on Tue, 09/01/2020 - 09:16ယမန်နေ့မှအဆက်
ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်နိပါတ်တော်များ၊ သမိုင်းဆိုင်ရာပုံပြင်များနှင့် မဏိကတ်ဇာတ်လို အခြားသော ပုံပြင်များစွာတို့ကို အဖေကြီးက ပြောပြသည်။
မောင်ငြိမ်းချမ်းကို အဖေကြီးပုံပြောလျှင် အမေကြီးနှင့် ဦးလေးပါ နားထောင်ကြသည်။
မောင်ငြိမ်းချမ်း ပုံပြင်များကို ပို၍စိတ်ဝင်စားလာသည်။ အိမ်မှာရှိသမျှ စာအုပ်များမှာ ပုံပြင်လိုက်ရှာသည်။ လစဉ်ထုတ် အဖေကြီးရလာသည့် ပညာတန်ဆောင်စာအုပ်များမှာ ပုံပြင်ပါသည်ကို တွေ့ရသည်။
ပုံပြင်ရှာဖတ်ရင်းမှ ပညာတန်ဆောင် စာအုပ်များနှင့် ရင်းနှီးလာသည်။ ဖတ်မိလာသည်။
