အခန်းဆက်ဝတ္ထုရှည်

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

 သောင်းဒန်၊ စောသာအေး၊ လှမင်းတို့ တကုန်းကုန်းတွက်ကြရသည်။ ဦးဆောင်သူမှာကား သောင်းဒန်ပင်ဖြစ်သည်။

''မသိရင် မေးကြ။  ငါပြတာကို သေသေချာချာ မှတ်ထား။ ငါလည်း ဒီလိုပဲ ပညာသင်ခဲ့ရတာပဲ။ ရွှေပြည်ကြီး တံတားတုန်းက ဦးလှစိုးဆီက ပညာတွေကို မေးမြန်းပြီးရလိုက်တာပဲ။   ဦးလှစိုးဆိုတာက  အမ်အက်စီအင်ဂျင်နီယာ။ ဂဏန်းတွက်တာလည်း တော်တယ်။

ဦးနှောက်ကလည်း ထက်တယ်''

''အခု အဲဒီ ဦးလှစိုးဘယ်ရောက်နေသလဲ''

''နိုင်ငံခြားသွားပြီး အလုပ်လုပ်နေတယ်''

''နှမြောစရာကောင်းလိုက်တာ  ဆရာကြီးရယ်''

အရေးကြီးပြီသွေးစည်းကြစို့

ယမန်နေ့မှအဆက်

တစ်ညနေတွင် အောင်ကြီးသည် သောင်းဒန်ကို အပူတပြင်းလိုက်ရှာနေသည်။ သောင်းဒန်ကား စင်ရော် တွင် ဘိလပ်မြေအိတ်ရောက်လာသည်နှင့် တံတားသို့သယ်ရန် သွားရောက်စီစဉ်နေရသည်။ ထို့ကြောင့် ည ၇ နာရီ သာသာခန့်တွင်မှ ရောက်လာသည်။

“ဘာဖြစ်သလဲကွ၊ ပြူးပြူးပျာပျာနဲ့”

“ဘအောင်နဲ့ကျော်ညွန့်တို့နှစ်ယောက် သူပုန်နဲ့တွေ့လာလို့ ဆရာ”

“ဘယ်သွားလို့ တွေ့လာရတာလဲ”

“ကျောက်ရဲဘက်ကို ကျောက်စရစ်ရှာခိုင်းလိုက်တာဆရာ” ထိုနေ့ကား အလုပ်ပိတ်သည့် တနင်္ဂနွေနေ့ဖြစ် သည်။

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

““အထူးတင်းကျပ်ဖို့ကတော့ မူးယစ်သောက်စားပြီး ရမ်းကားတာ၊ ဆဲရေးကြိမ်းမောင်းတာ၊ ဒါက နံပါတ်တစ်၊ နံပါတ်နှစ်က ယောကျ်ား၊ မိန်းမ ဆက်ဆံရေး၊လူပျိုတွေ ည ၇ နာရီကျော်ရင် အိမ်ထောင်သည်ဆောင်ကို မသွားရဘူး။ ဖိုမဆက်ဆံရေး ကိစ္စမှာ အပြစ်ကျူးလွန်ရင် သည်းမခံနိုင်ဘူး။ အလုပ်ထုတ်ပစ်မယ်။

တို့ဌာနမှာ အလုပ်မရနိုင်အောင်  စာရေးတင်မယ်။

အပျို လူပျိုလွတ်လွတ်လပ်လပ် ချစ်ကြိုက်တာ အကြောင်းမဟုတ်ဘူး။ မလွတ်မလပ်သူများ သားမယား ကျူးလွန်တာမျိုး သည်းမခံနိုင်ဘူး။

အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

“ဆရာကြီး ဇနီးခေါ်မလို့လား ဆရာ”

“မခေါ်ပါဘူးကွာ၊ အစကတည်းက ခေါ်ဖို့မစဉ်းစားပါဘူး။ ခေါ်ရင်အလုပ်ထွက်ပြီးလိုက်ခဲ့ဖို့ရှိတာပဲ။ အလုပ်က လည်း မထွက်နိုင်သေးဘူးကွ။ ဒီတံတားကသုံးနှစ်ကြာမှာ။ အောင်ကြီး၊ မင်းကောင်တွေပြောလိုက်၊ မီးစက်ကို တစ်ည နှစ်နာရီပဲမောင်းမယ်။ စက်သစ်ရမှ ဆယ်နာရီအထိမောင်းမယ်။ ဒီစက်ကမကောင်းဘူး ဟုတ်လား။ လှမင်းလည်းပြောလိုက်” သောင်းဒန်သည် စာကိုအဆုံးသတ်သည်။ မီးမရှိဘဲမှောင်လာသည့်အခါ အနေရ အထိုင်ရခက်လာသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းတော်သား ကျွန်တော်

ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ဂုဏ်ပြုဆောင်းပါး

စိန်ဝင်း(၄ဝ)

ယခုနှစ် ရာပြည့်ပွဲတော်ကျင်းပလျက်ရှိသည့်    ရန်ကုန်တက္ကသိုလ်ကြီးတွင် ကျွန်တော်သည် ကျောင်းသား နှစ်ကြိမ်ဖြစ် ဖူးပါ၏။  ပထမအကြိမ်မှာ ၁၉၇၂ ခုနှစ်မှ  ၁၉၇၇ ခုနှစ်အထိဖြစ်ပြီး   ဒုတိယ တစ်ကြိမ်မှာ ၁၉၈၇ ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ် အထိဖြစ်သည်။  ရန်ကုန်တက္ကသိုလ်၏ စိန်ရတုကာလ   ကျောင်းသားဖြစ်ခဲ့ပြီး  ယင်းကာလနှင့် ပတ်သက်၍  ရေးသားမှု များစွာ မတွေ့ရသောကြောင့် ကျွန်တော်တို့ကာလ အတွေ့အကြုံများကို ပြန်လည် မျှဝေလိုစိတ်ဖြစ်ပေါ်မိပါသည်။