အခန်းဆက်ဝတ္ထုရှည်

ဘဝအိပ်မက် ပန်းအိပ်မက် အမှတ်စဉ်(၅၂)

ဘဝအိပ်မက် ပန်းအိပ်မက်

အမှတ်စဉ်(၅၂)

မင်းတို့အဖေ တယ်လီဖုန်းဆက်နေတယ်

ဟာ ဘဘကြီးကလည်း ဖေဖေမှ ပြန်မရောက်သေးတာ

ဟ-ပြန်မရောက်သေးလို့ ဟိုကနေ ဆက်တာပေါ့၊ ဟိုအိပ်ခန်းထဲမှာ မြန်မြန်သွား၊ ကိုဦးနဲ့ ပြောနေတာကြားတယ်မဟုတ်လား

ဦးဘပွားပြောသည်ကို ကလေးနှစ်ဦးက ရုတ်တရက်နားမလည်။

မေမေရော နေကောင်းရဲ့လားဟင်၊ ဘယ်တော့ပြန်လာမှာလဲ ဟူသော ကိုဦး၏အသံကိုကြားမှ သဘောပေါက်သွားသည်။

အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်  မြန်မာနိုင်ငံ

ရွေးကောက်ပွဲနှင့်ရွေးကောက်ပွဲစနစ် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သမ္မတရွေးကောက်ပွဲများ၊ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများ၊ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲများ၊ မြူနီစီပယ်ရွေးကောက်ပွဲများကျင်းပရာ၌ မိမိကျင့်သုံးသည့်နိုင်ငံရေးစနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ၊ နိုင်ငံသမိုင်းကြောင်း အခြေအနေတို့အပေါ် မူတည်၍ ရွေးကောက်

ဘဝအိပ်မက်  ပန်းအိ်ပမက်

ဘဝအိပ်မက်  ပန်းအိ်ပမက်

အမှတ်စဉ်(၄၉)

    ဦးထင်၏  အမျှဝေသံကြားတော့ ဒေါ်ရွှေနု တော်တော်အံ့သြသွားသည်။

“ကြံကြံရယ်မှစည်စည် သူ့မှာဘာကုသိုလ်များ အမျှဝေစရာရှိလို့လဲ၊ ကုသိုလ်ကောင်းမှုကို အမျှဝေတာ မဟုတ်ဘဲ သုရာမေရိယ အကုသိုလ်တွေကို အမျှဝေနေတာ ဆိုရင်တော့ ဒုက္ခ”စိတ်ထဲမှ မလိုတမာ တွေးလိုက်မိ၍ ထစ်ထစ်ငေါ့ငေါ့ဖြစ်သွားသည်။ ဦးထင်လို အမူးသမားကြီးက သူ့ထက်အလျင် အမျှဝေသွားတော့ အတော်ကလေး ကသိကအောက် ဖြစ်သွားသည်ကတော့ အမှန်ပင်။